
0
1019

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ ပြုလုပ်ခဲ့တဲ့ သုတေသန စစ်တမ်းအရ ဧရာဝတီလင်းပိုင် ၆၉ ကောင် တွေ့ရှိခဲ့ပြီး အခုနှစ် စစ်တမ်းမှာတော့ ၇၆ ကောင် တွေ့ရှိရတဲ့အတွက် ဧရာဝတီလင်းပိုင် မနှစ်ကထက် ၇ ကောင် တိုးလာပါတယ်။



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဧရာဝတီလင်းပိုင် မနှစ်ကထက် ၇ ကောင် တိုးလာ

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ ပြုလုပ်ခဲ့တဲ့ သုတေသန စစ်တမ်းအရ ဧရာတီလင်းပိုင် ၆၉ ကောင် တွေ့ရှိခဲ့ပြီး အခုနှစ် စစ်တမ်းမှာတော့ ၇၆ ကောင် တွေ့ရှိရတဲ့အတွက် ဧရာဝတီလင်းပိုင် မနှစ်ကထက် ၇ ကောင် တိုးလာပါတယ်။

မန္တလေးကနေ ကချင်ပြည်နယ်၊ ဗန်းမော်အထိ ငါးလုပ်ငန်း ဦးစီးဌာနနဲ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) တို့ ပူးပေါင်းပြီး ဧရာဝတီ လင်းပိုင်ကောင်ရေ သုတေသန စစ်တမ်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီ လင်းပိုင်ကောင်ရေ သုတေသန စစ်တမ်းကို ဖေဖော်ဝါရီလ ၆ ရက်ကနေ ၁၇ ရက်အထိ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ခရီးစဉ်အတွင်း တရားမဝင် ရှော့တိုက် ငါးဖမ်းတဲ့ စက်လှေ ၁၇ စင်းကိုလည်း ဖမ်းဆီးကာ သက်ဆိုင်ရာ မြို့နယ်တွေမှာ ဥပဒေနဲ့ အညီ အရေးယူခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)