ရခုိင္ျပည္နယ္ ကိစၥ ေဒၚေအာင္ဆန္းစုၾကည္ကို ေဝဖန္စြပ္စြဲမႈ တရားမွ်တမႈ မရွိေၾကာင္း ႐ုရွားေျပာ

0
991

ရခိုင္ျပည္နယ္ ပဋိပကၡနဲ႔စပ္လ်ဥ္းၿပီး ေဒၚေအာင္ဆန္းစုၾကည္ အေပၚ ႏိုင္ငံတကာက ေဝဖန္စြပ္စြဲမႈေတြဟာ တရားမွ်တမႈ မရွိဘူးလို႔ ႐ုရွားသံ႐ံုးက ေျပာပါတယ္

ေဖေဖာ္ဝါရီ ၁၈ ရက္ ႐ုရွား-ျမန္မာ ႏွစ္ႏိုင္ငံအၾကား သံတမန္ဆက္ဆံေရး ထူေထာင္တဲ့ ႏွစ္ (၇၀) ျပည့္ေန႔ ထုတ္ျပန္ခ်က္မွာ အခုလို ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လုပ္ေဆာင္မႈေတြဟာ တမ်ိဳးသားလံုးရဲ႕ ကိုယ္ပိုင္ အက်ိဳးစီးပြားအတြက္ တိုင္းျပည္ကို ေရွ႕ဆံုးကေန ဦးေဆာင္လမ္းျပ ေပးေနတာျဖစ္ၿပီး မိမိကိုယ္ကို အားကိုးတဲ့ ႏိုင္ငံျခားေရးဝါဒကို က်င့္သံုးေနတယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ ရင္ဆိုင္ႀကံဳေတြ႔ေနရတဲ့ အခက္အခဲေတြကို ဘယ္လို ေျဖရွင္းရမယ္ဆိုတာ အုပ္ခ်ဳပ္သူ အစိုးရနဲ႔ ျမန္မာႏိုင္ငံသားေတြက လြဲၿပီး ဘယ္သူ တဦးတေယာက္ကမွ် ပို ေကာင္းမြန္စြာ သိရွိႏိုင္မွာ မဟုတ္ဘူးလို႔လည္း သံ႐ံုးေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်စွပ်စွဲမှု တရားမျှတမှု မရှိကြောင်း ရုရှားပြော

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံတကာက ဝေဖန်စွပ်စွဲမှုတွေဟာ တရားမျှတမှု မရှိဘူးလို့ ရုရှားသံရုံးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်တဲ့ နှစ် (၇၀) ပြည့်နေ့ ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတွေဟာ တမျိုးသားလုံးရဲ့ ကိုယ်ပိုင် အကျိုးစီးပွားအတွက် တိုင်းပြည်ကို ရှေ့ဆုံးကနေ ဦးဆောင်လမ်းပြ ပေးနေတာဖြစ်ပြီး မိမိကိုယ်ကို အားကိုးတဲ့ နိုင်ငံခြားရေးဝါဒကို ကျင့်သုံးနေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာ အုပ်ချုပ်သူ အစိုးရနဲ့ မြန်မာနိုင်ငံသားတွေက လွဲပြီး ဘယ်သူ တဦးတယောက်ကမျှ ပို ကောင်းမွန်စွာ သိရှိနိုင်မှာ မဟုတ်ဘူးလို့လည်း သံရုံးကြေညာချက်မှာ ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)