
0
945




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အပြောသက်သက်အဖွဲ့ မဖြစ်ဖို့ ကြိုးစားနေတယ်လို့ ဒေါက်တာ ဆာသီရာထိုင်း ပြော

သူတို့ အကြံပေးအဖွဲ့အနေနဲ့ အပြောသက်သက် အဖွဲ့မဖြစ်ဖို့နဲ့ အကောင်အထည်ပြနိုင်တဲ့ ရလဒ်ထွက်အောင် အကြံပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဦးဆောင်သူ ပါမောက္ခ ဒေါက်တာ ဆူရာကီရတ် ဆာသီရာထိုင်းက ပြောပါတယ်။

ကော်မတီအနေနဲ့ အကြံပေးနဲ့ နေရာကပဲ နေမှာ ဖြစ်ပြီး လက်တွေ့ အကောင်အထည် ဖော်ဖို့ တာဝန်က မြန်မာအစိုးရမှာ ရှိတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဒေါက်တာ ဆာသီရာထိုင်းက ဘန်ကောက်ပို့စ် သတင်းစာကို ပြောပါတယ်။

ကျွန်တော်တို့ အနာဂတ်ကို ကြည့်ပါတယ်၊ ရခိုင်ပြည်နယ် ပဋိပက္ခမှာ ဘယ်နေရာကနေ ထိရောက်အောင် လုပ်ပေးနိုင်မလဲဆိုတာကို ရှာဖွေပါတယ်လို့လည်း ဒေါက်တာ ဆာသီရာထိုင်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)