ဒုကၡသည္ေတြ လက္ခံထားလို႔ ဘဂၤလားေဒ့ရွ္ကို ေက်းဇူးတင္ေၾကာင္း သမၼတ ထရမ့္ ေျပာ

0
382

သန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြကို လက္ခံေပးထားတဲ့အတြက္ ဘဂၤလားေဒ့ရွ္ကို လိႈက္လိႈက္လွဲလွဲ ေက်းဇူးတင္တယ္လို႔ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က ေျပာပါတယ္။

အေမရိကန္ အေနနဲ႔ ႏိုင္ငံေရးအရေရာ လူသားခ်င္း ကူညီေထာင္ထားမႈ အကူအညီေတြကိုပါ ဆက္ေပးသြားဖို႔ အာမခံေၾကာင္းလည္း သမၼတ ထရမ့္က ေျပာတယ္လို႔ သမၼတရဲ႕ လက္ေထာက္ လီဆာ ကာတစ္က ဝါရွင္တန္ကို ေရာက္ရွိေနတဲ့ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး ဝန္ႀကီး ရွာဟီဒူလ္ ဟာကီကို ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး ဝန္ႀကီး ရွာဟီဒူလ္ ဟာကီက အာရွ အလယ္ပိုင္းနဲ႔ ေတာင္ပိုင္းဆိုင္ရာ အိမ္ျဖဴေတာ္ အႀကီးတန္း ညႊန္ၾကားေရးမႉးနဲ႔လည္း ေတြ႔ဆံုေဆြးေႏြးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုက္ခသည်တွေ လက်ခံထားလို့ ဘင်္ဂလားဒေ့ရှ်ကို ကျေးဇူးတင်ကြောင်း သမ္မတ ထရမ့် ပြော

သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို လက်ခံပေးထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြောပါတယ်။

အမေရိကန် အနေနဲ့ နိုင်ငံရေးအရရော လူသားချင်း ကူညီထောင်ထားမှု အကူအညီတွေကိုပါ ဆက်ပေးသွားဖို့ အာမခံကြောင်းလည်း သမ္မတ ထရမ့်က ပြောတယ်လို့ သမ္မတရဲ့ လက်ထောက် လီဆာ ကာတစ်က ဝါရှင်တန်ကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ရှာဟီဒူလ် ဟာကီကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ရှာဟီဒူလ် ဟာကီက အာရှ အလယ်ပိုင်းနဲ့ တောင်ပိုင်းဆိုင်ရာ အိမ်ဖြူတော် အကြီးတန်း ညွှန်ကြားရေးမှူးနဲ့လည်း တွေ့ဆုံဆွေးနွေးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)