တ႐ုတ္ ႐ုပ္ရွင္ပြဲေတာ္ ႏွစ္ႏိုင္ငံ နားလည္မႈကို တိုးျမႇင့္ေစမယ္

0
928

ျမန္မာႏိုင္ငံ တ႐ုတ္ႏွစ္သစ္ကူးမွာ စတင္က်င္းပတဲ့ သီတင္း တစ္ပတ္ၾကာ တ႐ုတ္႐ုပ္ရွင္ပြဲေတာ္က တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ နားလည္မႈကို တိုးျမႇင့္ေစမွာ ျဖစ္ပါတယ္။

တ႐ုတ္ ႐ုပ္ရွင္ပြဲေတာ္ ဖြင့္ပြဲ အခမ္းအနား ကို ေဖေဖာ္ဝါရီ ၁၇ ရက္က ရန္ကုန္ၿမိဳ႕ရွိ ေနျပည္ေတာ္ အဆင့္ျမင့္ ႐ုပ္ရွင္႐ံုမွာ က်င္းပၿပီး ျပန္ၾကားေရး ဝန္ႀကီး ေဒါက္တာ ေဖျမင့္၊ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ႏုိင္ငံ သံအမတ္ႀကီး မစၥတာ ဟုန္လ်န္ ႏွင့္နဲ႔ ႐ုပ္႐ွင္ခ်စ္ပရိသတ္ေတြ တက္ေရာက္ခဲ့ၾကပါတယ္။

တ႐ုတ္ ႐ုပ္ရွင္ပြဲေတာ္မွာ ထူးျခားေကာင္းမြန္တဲ့ ဇာတ္ကားေတြကို ျမန္မာပရိသတ္ေတြ ၾကည့္႐ႈႏုိင္ဖို႔ အခမဲ့ ျပသေပးသြားမွာ ျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံ ႐ုပ္ရွင္က႑ ပူးေပါင္းေဆာင္ရြက္မႈေတြ ျပဳလုပ္ၿပီး ႏွစ္ႏိုင္ငံ ျပည္သူလူထု အၾကား နားလည္မႈနဲ႔ ခ်စ္ၾကည္ေရးကို တိုးျမႇင့္ႏိုင္ဖို႔ ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္းနဲ႔ ႏွစ္ႏုိင္ငံ ခ်စ္ၾကည္ဆက္ဆံေရး ထာဝရ တည္တံ့ခိုင္ၿမဲေစဖို႔ ဆုမြန္ေကာင္းေတာင္းေၾကာင္း ေျပာၾကားသြားပါတယ္။

တ႐ုတ္႐ုပ္ရွင္ပြဲေတာ္ကို တုိင္းနဲ႔ ျပည္နယ္ ၁၂ ခုမွာ ေဖေဖာ္ဝါရီလ ၁၆ ရက္ကေန ၂၂ ရက္အထိ ျပသေနၿပီး Xuan Zang ၊ Kung Fu Yoga ၊ Detective China Town နဲ႔ Go away Mr.Tumor ဇာတ္ကားေတြကို ျမန္မာ ေနာက္ခံ စကားေျပာနဲ႔ အခမဲ့ ျပသေပးမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ် ရုပ်ရှင်ပွဲတော် နှစ်နိုင်ငံ နားလည်မှုကို တိုးမြှင့်စေမယ်

မြန်မာနိုင်ငံ တရုတ်နှစ်သစ်ကူးမှာ စတင်ကျင်းပတဲ့ သီတင်း တစ်ပတ်ကြာ တရုတ်ရုပ်ရှင်ပွဲတော်က တရုတ်-မြန်မာ နှစ်နိုင်ငံ နားလည်မှုကို တိုးမြှင့်စေမှာ ဖြစ်ပါတယ်။

တရုတ် ရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ ၁၇ ရက်က ရန်ကုန်မြို့ရှိ နေပြည်တော် အဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပပြီး ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့်နဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ တက်ရောက်ခဲ့ကြပါတယ်။

တရုတ် ရုပ်ရှင်ပွဲတော်မှာ ထူးခြားကောင်းမွန်တဲ့ ဇာတ်ကားတွေကို မြန်မာပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ အခမဲ့ ပြသပေးသွားမှာ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ရုပ်ရှင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား နားလည်မှုနဲ့ ချစ်ကြည်ရေးကို တိုးမြှင့်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး ထာဝရ တည်တံ့ခိုင်မြဲစေဖို့ ဆုမွန်ကောင်းတောင်းကြောင်း ပြောကြားသွားပါတယ်။

တရုတ်ရုပ်ရှင်ပွဲတော်ကို တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ၂၂ ရက်အထိ ပြသနေပြီး Xuan Zang ၊ Kung Fu Yoga ၊ Detective China Town နဲ့ Go away Mr.Tumor ဇာတ်ကားတွေကို မြန်မာ နောက်ခံ စကားပြောနဲ့ အခမဲ့ ပြသပေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)