
0
2124





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အစိုးရထောက်ပံ့ငွေ ၅ သိန်းကို မြောက်ဦး အဓိကရုဏ်းအတွင်း သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေပြန်ပေး

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့ကြေးအဖြစ် ပေးတဲ့ ငွေ ၅ သိန်းကို မြောက်ဦး အဓိကရုဏ်းအတွင်း သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေ ပြန်ပေးလိုက်ကြပါတယ်။

ရခိုင်ပြည်နယ်အစိုးရက မြောက်ဦးနာရေးကူညီမှု အသင်းကနေ တဆင့်  သေဆုံး သူတစ်ဦးကို ၅ သိန်းနှုန်းနဲ့ သေဆုံးသူတွေရဲ့ မိသားစု ၇ စုကို ကျပ်ငွေ ၃၅ သိန်း ဇန်နဝါရီလ ၁၈ ရက်နေ့က ထောက်ပံ့ပေးခဲ့တာပါ။

ဇန်နဝါရီလ ၁၉ ရက်နေ့မှာတော့ အဲ့ဒီငွေတွေဟာ ရခိုင်ပြည်နယ်အစိုးရရဲ့ ထောက်ပံ့ကူညီမှုလို့ မိသားစုဝင်တွေ သိရှိရာမှာတော့ နာရေးကူညီမှုအသင်းကို သွားရောက် ပြန်လည်အပ်နှံခဲ့ကြတာပါ။

အသင်းက ပြန်လည်လက်မခံတဲ့အတွက် အုပ်ချုပ်ရေးမှူးတွေက တဆင့် ပြန်ပေးခဲ့ကြတာဖြစ်တယ်လို့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက MCN သတင်းဌာနကို ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)