ရခိုင္အေရး ကူညီေပးႏိုင္မယ့္ က႑ေတြကို EU က လူကယ္ျပန္၀န္ႀကီးကိုေမး

0
2134

ဥေရာပသမဂၢ EU အေနနဲ႔ ရခိုင္ျပည္နယ္က ျပန္လည္ ထူေထာင္ေရးအတြက္ ကူညီေထာက္ပံ့ေပးႏုိင္မယ့္ က႑ေတြကို အႀကံျပဳဖုိ႔ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးကို တိုက္တြန္းလိုက္ပါတယ္။

ဇန္န၀ါရီလ ၁၉ ရက္ေန႔က ေနျပည္ေတာ္မွာ အဲ့ဒီ၀န္ႀကီးဌာနရဲ႕ ျပည္ေထာင္စု ၀န္ႀကီး ေဒါက္တာ၀င္းျမတ္ေအးကို ဥေရာပသမဂၢအဖြဲ႕ရံုး၊ သံအမတ္ႀကီး H.E Mr. Hhristian Schmidt က လာေရာက္ေတြ႔ဆံုစဥ္ တိုက္တြန္းလိုက္တာပါ။

အဲ့ဒီေတြ႔ဆံုမႈအတြင္းမွာေတာ့ ႏွစ္ႏွိင္ငံသေဘာ တူညီခ်က္အရ ယခုလ (၂၃) ရက္ေန႔က စတင္ၿပီး ႏုိင္ငံကို ျပန္လည္ ဝင္ေရာက္လိုသူေတြကို ျပန္လည္ လက္ခံေရး လုပ္ငန္းေတြ စတင္မယ္လို႔ ျပည္ေထာင္စု၀န္ႀကီးက ေျပာပါတယ္။

ဒါ့အျပင္ ျပန္လည္၀င္ေရာက္လာသူေတြကို ႏုိင္ငံတကာ စံညႊန္းနဲ႔ အညီ ၿမိဳ႕ရြာစီမံကိန္းေတြ ခ်မွတ္ေပးၿပီး စနစ္တက်တည္ေဆာက္ ျပန္လည္ေနရာခ်ထား ေပးသြားမယ္လို႔လည္း ေျပာၾကားထားတာပါ။

လက္ရွိအေျခအေနမွာဆိုရင္လည္း ႏုိင္ငံသား စိစစ္ေရး (National Verification Card) ကတ္ေတြ ထုတ္ေပးေရး အရွိန္အဟုန္ျမွင့္တင္ေဆာင္ရြက္ေနကာ သံတမန္ေတြနဲ႔ ႏုိင္ငံတကာ သတင္းမီဒီယာေတြကို ေလ့လာ သတင္းယူခြင့္ စီစဥ္ေဆာင္ရြက္ သြားမယ္လို႔လည္း ေဒါက္တာ၀င္းျမတ္ေအးက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်အရေး ကူညီပေးနိုင်မယ့် ကဏ္ဍတွေကို EU က လူကယ်ပြန်ဝန်ကြီးကိုမေး

ဥရောပသမဂ္ဂ EU အနေနဲ့ ရခိုင်ပြည်နယ်က ပြန်လည် ထူထောင်ရေးအတွက် ကူညီထောက်ပံ့ပေးနိုင်မယ့် ကဏ္ဍတွေကို အကြံပြုဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကို တိုက်တွန်းလိုက်ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့က နေပြည်တော်မှာ အဲ့ဒီဝန်ကြီးဌာနရဲ့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ဥရောပသမဂ္ဂအဖွဲ့ရုံး၊ သံအမတ်ကြီး H.E Mr. Hhristian Schmidt က လာရောက်တွေ့ဆုံစဉ် တိုက်တွန်းလိုက်တာပါ။

အဲ့ဒီတွေ့ဆုံမှုအတွင်းမှာတော့ နှစ်နှိင်ငံသဘော တူညီချက်အရ ယခုလ (၂၃) ရက်နေ့က စတင်ပြီး နိုင်ငံကို ပြန်လည် ဝင်ရောက်လိုသူတွေကို ပြန်လည် လက်ခံရေး လုပ်ငန်းတွေ စတင်မယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် ပြန်လည်ဝင်ရောက်လာသူတွေကို နိုင်ငံတကာ စံညွှန်းနဲ့ အညီ မြို့ရွာစီမံကိန်းတွေ ချမှတ်ပေးပြီး စနစ်တကျတည်ဆောက် ပြန်လည်နေရာချထား ပေးသွားမယ်လို့လည်း ပြောကြားထားတာပါ။

လက်ရှိအခြေအနေမှာဆိုရင်လည်း နိုင်ငံသား စိစစ်ရေး (National Verification Card) ကတ်တွေ ထုတ်ပေးရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေကာ သံတမန်တွေနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေကို လေ့လာ သတင်းယူခွင့် စီစဉ်ဆောင်ရွက် သွားမယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)