ရခိုင္ျပည္နယ္က ျပန္လည္ေနရာ ခ်ထားေရးအတြက္ ထိုင္းကူညီ

0
2099

ရခိုင္ျပည္နယ္က ျပန္လည္ေနရာ ခ်ထားေရး လုပ္ငန္းစဥ္ေတြမွာ အိမ္ရာ ေဆာက္လုပ္ေရးအတြက္ ထိုင္းႏိုင္ငံက အကူအညီေပးသြားဖို႔ရွိေနပါတယ္။

ဇန္န၀ါရီလ ၁၉ ရက္ေန႔က ေနျပည္ေတာ္မွာ လူမႈဝန္ထမ္း၊ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးနဲ႔ ထုိင္းႏုိင္ငံသံအမတ္ႀကီး H.E Mr. Jukr Boon-Long တို႔ ေတြ႔ဆံုစဥ္ ထိုင္းသံအမတ္ႀကီးက ေျပာၾကားလိုက္တာပါ။

အဲ့ဒီေတြ႔ဆံုမႈအတြင္းမွာေတာ့ UEHRD ညွိႏိႈင္းေရးမွဴးခ်ဳပ္ ေဒါက္တာေအာင္ထြန္းသက္က သတင္း အခ်က္အလက္နဲ႔ ဆက္သြယ္ေရး နည္းပညာ (ICT) ကို စုိက္ပ်ိဳးေရး က႑မွာ အသုံးခ်တဲ့ (Smart Farming) ေခတ္မီ စုိက္ပ်ိဳးေရး လုပ္ငန္းေတြ ရခုိင္ျပည္နယ္မွာ စတင္ဖို႔ကိုလည္း အႀကံျပဳခဲ့တာပါ။

ဒါ့အျပင္ ထုိင္းႏုိင္ငံက အေကာင္အထည္ေဖာ္ခဲ့တဲ့ “ရြာတစ္ရြာ ထုတ္ကုန္ တစ္ခု” “One Tambon One Produet (OTOP) ” အစီအစဥ္နဲ႔ပတ္သက္ၿပီးေတာ့လည္း ျမန္မာႏိုင္ငံကို အႀကံျပဳဖို႔ ေျပာၾကားထားပါတယ္။ လက္ရွိအေျခအေနမွာေတာ့  ထိုင္းႏုိင္ငံအစိုးရက ရခုိင္ျပည္နယ္ ျပန္လည္ေနရာခ်ထားေရးအတြက္ အေမရိကန္ေဒၚလာ (၂၅၀၀၀၀) လွဴဒါန္းထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်က ပြန်လည်နေရာ ချထားရေးအတွက် ထိုင်းကူညီ

ရခိုင်ပြည်နယ်က ပြန်လည်နေရာ ချထားရေး လုပ်ငန်းစဉ်တွေမှာ အိမ်ရာ ဆောက်လုပ်ရေးအတွက် ထိုင်းနိုင်ငံက အကူအညီပေးသွားဖို့ရှိနေပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့က နေပြည်တော်မှာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Jukr Boon-Long တို့ တွေ့ဆုံစဉ် ထိုင်းသံအမတ်ကြီးက ပြောကြားလိုက်တာပါ။

အဲ့ဒီတွေ့ဆုံမှုအတွင်းမှာတော့ UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်က သတင်း အချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ (ICT) ကို စိုက်ပျိုးရေး ကဏ္ဍမှာ အသုံးချတဲ့ (Smart Farming) ခေတ်မီ စိုက်ပျိုးရေး လုပ်ငန်းတွေ ရခိုင်ပြည်နယ်မှာ စတင်ဖို့ကိုလည်း အကြံပြုခဲ့တာပါ။

ဒါ့အပြင် ထိုင်းနိုင်ငံက အကောင်အထည်ဖော်ခဲ့တဲ့ “ရွာတစ်ရွာ ထုတ်ကုန် တစ်ခု” “One Tambon One Produet (OTOP) ” အစီအစဉ်နဲ့ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံကို အကြံပြုဖို့ ပြောကြားထားပါတယ်။ လက်ရှိအခြေအနေမှာတော့ ထိုင်းနိုင်ငံအစိုးရက ရခိုင်ပြည်နယ် ပြန်လည်နေရာချထားရေးအတွက် အမေရိကန်ဒေါ်လာ (၂၅၀ဝ၀ဝ) လှူဒါန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)