
0
2055

မြိတ်မြို့နယ်၊ ရေပုံးရပ်ကွက်မှာ ဘောလုံးကွင်းအသစ် ဖော်ဆောင်ရေး လုပ်ငန်းအတွက် ဘက်ဟိုးအသုံးပြုနေစဉ် အသက် ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး တက်ဆော့ရာကနေ ကြိတ်မိပြီး သေဆုံးခဲ့ပါတယ်။


………………….. ။ ။ …………………..

ဘက်ဟိုးအသုံးပြုနေစဉ် ကလေးငယ်တစ်ဦး တက်ဆော့ရာမှ သေဆုံးမှုဖြစ်ပွား

မြိတ်မြို့နယ်၊ ရေပုံးရပ်ကွက်မှာ ဘောလုံးကွင်းအသစ် ဖော်ဆောင်ရေး လုပ်ငန်းခွင်တစ်ခုမှာ ဘက်ဟိုးအသုံးပြုနေစဉ် အသက် ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး တက်ဆော့ရာကနေ ကြိတ်မိပြီး သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့က ရေပုံးရပ်ကွက် ဘောလုံးကွင်းအသစ်ကို ဆောက်လုပ်ရေးလုပ်ငန်းများ ပြုလုပ်နေစဉ် အသက် ကိုးနှစ်အရွယ် မောင်ပိုင်ပိုင် ဟာ ဘက်ဟိုးအပေါ်ကိုတက်ပြီး ဆော့ကစားရာနေ ပြုတ်ကျပြီး ချိန်းကြိုးနဲ့ ကြိတ်မိပြီးတော့ သေဆုံးသွားခဲ့တာပါ။

လုပ်ငန်းခွင်အတွင်း ကလေးငယ်တစ်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ဘက်ဟိုးယာဉ်မောင်းသူကို သေမှုသေခင်းအရ စစ်ဆေးအရေးယူ ဆောင်ရွက်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)