
0
2094



………………… ။ ။ ………………

မြောက်ဦး ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်း စစ်ဆေးဖို့ တောင်းဆို

မြောက်ဦး ဖြစ်စဉ်အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်း စစ်ဆေးဖို့ စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက တောင်းဆိုလိုက်ပါတယ်။ ဇန်နဝါရီလ ၁၉ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

အဲ့ဒီ တောင်းဆိုချက်ထဲမှာတော့ ခွင့်ပြုချက်ရရှိထားပြီးဖြစ်တဲ့ ရခိုင့်နိုင်ငံတော်ကျဆုံးခြင်း ဝမ်းနည်းခြင်းအမှတ်တရ အခမ်းအနားကို ဘယ်အဖွဲ့အစည်းက ဘာကြောင့် ပယ်ဖျက်ခဲ့ရတယ်ဆိုတာကို စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုထားတာပါ။

ဒါ့အပြင် လက်နက်မဲ့ပြည်သူတွေကို လိုအပ်တာထက် အင်အားသုံး ဖြိုခွင်းခဲ့တဲ့အပေါ် ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာ ဖော်ထုတ်ပေးဖို့ ကိုလည်း တောင်းဆိုထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)