
0
2091



………………….. ။ ။ ……………………

ဦးရောဘတ်စန်းအောင် နဲ့ အင်းစိန်အောင်စိုးကို တရားစွဲမယ်လို့ အောင်ဝင်းဇော်ပြော

ဦးကိုနီအသတ်ခံရတဲ့အမှုမှာ ဖမ်းဆီးခံထားရတဲ့ ဦးအောင်ဝင်းဇော်က တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်နဲ့ အင်းစိန်အောင်စိုးတို့ကို ပုဒ်မ ၈(စ) နဲ့ တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။

ဇန်နဝါရီလ (၁၉)ရက် က မြောက်ပိုင်းခရိုင်ရုံးချိန်းမှာ အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ မပြောခဲ့တဲ့ စကားတွေ ကို ပြောတယ်ဆိုပြီး ပြန်လည်ပြောကြားခဲ့တဲ့အတွက် အခုလို တရားစွဲဆိုရတာဖြစ်တယ်လို့ ဆိုပါတယ်။

ပုဒ်မ ၈ (စ) ဟာ နိုင်ငံသားတစ်ဦးရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာဆိုင်ရာ ကိစ္စတွေမှာ အဓမ္မ ဝင်ရောက်စွက်ဖက်ခြင်း (သို့မဟုတ်) လူတစ်ဦးရဲ့ ဂုဏ်သိက္ခာနဲ့ ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း (သို့မဟုတ်) ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရဆိုတဲ့ အချက်ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)