ေဒါက္တာေအးေမာင္ကို ဖမ္းဆီးခံရမႈ ဥပေဒနဲ႔ မညီရင္ ANP တံု႔ျပန္မယ္

0
2051

ေဒါက္တာေအးေမာင္ကို ဖမ္းဆီးမႈ ဥပေဒနဲ႔ မညီရင္ တံု႔ျပန္ေဆာင္ရြက္သြားမယ္လို႔ ရခိုင္အမ်ိဳးသားပါတီ ANP က ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ MCN သတင္းဌာနရဲ႕ ဆက္သြယ္ေမးျမန္းမႈကို ေျဖၾကားစဥ္ ရခိုင္အမ်ိဳးသားပါတီရဲ႕ အတြင္းေရးမွဴး ဦးထြန္းေအာင္ေက်ာ္က ေျပာၾကားလိုက္တာပါ။

လက္ရွိအေျခအေနမွာေတာ့ ေဒါက္တာေအးေမာင္ကို ဖမ္းဆီးထိန္းသိမ္းမႈကို အနီးကပ္ေလ့လာေစာင့္ၾကည့္ေနၿပီး တရား၀င္ ႏိုင္ငံေရးပါတီတစ္ရပ္အေနနဲ႔ ဥပေဒနဲ႔အညီ တံု႔ျပန္သြားမွာျဖစ္တယ္လို႔လည္း ဦးထြန္းေအာင္ေက်ာ္က ေျပာပါတယ္။

လက္ရွိအေျခအေနမွာေတာ့ ေဒါက္တာ ေအးေမာင္ကို ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္ ပုန္ကန္မႈ ရာဇသတ္ႀကီးပုဒ္မ ၁၂၁ (ခ) (ဂ) ၊ ႏိုင္ငံေတာ္ အၾကည္ညိဳ ပ်က္ေစမႈ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ) (ဂ) ၊ မတရားအသင္းအက္ဥပေဒပုဒ္မ (၁၇) (၁) (၂) ေတြနဲ႔ ဖမ္းဆီး ထားတာျဖစ္ပါတယ္။
…………………. ။ ။ ……………………

ဒေါက်တာအေးမောင်ကို ဖမ်းဆီးခံရမှု ဥပဒေနဲ့ မညီရင် ANP တုံ့ပြန်မယ်

ဒေါက်တာအေးမောင်ကို ဖမ်းဆီးမှု ဥပဒေနဲ့ မညီရင် တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ရခိုင်အမျိုးသားပါတီ ANP က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားစဉ် ရခိုင်အမျိုးသားပါတီရဲ့ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားလိုက်တာပါ။

လက်ရှိအခြေအနေမှာတော့ ဒေါက်တာအေးမောင်ကို ဖမ်းဆီးထိန်းသိမ်းမှုကို အနီးကပ်လေ့လာစောင့်ကြည့်နေပြီး တရားဝင် နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ ဥပဒေနဲ့အညီ တုံ့ပြန်သွားမှာဖြစ်တယ်လို့လည်း ဦးထွန်းအောင်ကျော်က ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ ဒေါက်တာ အေးမောင်ကို နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၁ (ခ) (ဂ) ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ) ၊ မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇) (၁) (၂) တွေနဲ့ ဖမ်းဆီး ထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)