ေဒါက္တာေအးေမာင္ကို ဖမ္းဆီးအေရးယူမႈ ဥပေဒအရ ၀ိေရာဓိ ျဖစ္စရာေတြ ရွိေန

0
2075

ေဒါက္တာေအးေမာင္ကို ဖမ္းဆီးအေရးယူမႈ ဥပေဒအရ ၀ိေရာဓိ ျဖစ္စရာေတြ အမ်ားအျပား ရွိေန တယ္လို႔ အမ်ိဳးသားဒီမိုကေရစီပါတီသစ္ရဲ႕ ဥကၠ႒ ဦးသိန္းညြန္႔က ေ၀ဖန္ေျပာၾကားလိုက္ပါတယ္။

MCN သတင္းဌာနရဲ႕ သီးျခားဆက္သြယ္ေမးျမန္းမႈကို ေျဖၾကားစဥ္မွာ တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းညြန္႔က ေျပာၾကားလိုက္တာပါ။ ဒီလိုေျပာၾကားရာမွာေတာ့ အမ္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာေအးေမာင္ကို ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္ ပုန္ကန္မႈ ရာဇသတ္ႀကီးပုဒ္မ ၁၂၁ (ခ) (ဂ) ၊ ႏိုင္ငံေတာ္ အၾကည္ညိဳ ပ်က္ေစမႈ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ) (ဂ) ၊ မတရားအသင္းအက္ဥပေဒပုဒ္မ (၁၇) (၁) (၂) စတဲ့ ပုဒ္မေတြနဲ႔ အမႈဖြင့္ အေရးယူတာဟာ ဖြဲ႔စည္းပံုအေျခခံဥပေဒပါ ျပဌာန္းခ်က္ေတြနဲ႔ ဥပေဒအရ ၀ိေရာဓိ ျဖစ္ေစတယ္လို႔ ေျပာၾကားလိုက္တာပါ။

ဒါ့အျပင္ အခုလို လုပ္ေဆာင္မႈဟာ ရခိုင္ျပည္နယ္အတြင္းမွာ တိုင္းရင္းသား စည္းလံုးညီညြတ္ေရး မျဖစ္ႏိုင္ေတာ့သလို အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးကိုလည္း အလွမ္း ေ၀းသြားေစႏိုင္တယ္လို႔လည္း သတိေပးေျပာၾကားထားပါတယ္။
……………………. ။ ။ …………………….

ဒေါက်တာအေးမောင်ကို ဖမ်းဆီးအရေးယူမှု ဥပဒေအရ ဝိရောဓိ ဖြစ်စရာတွေ ရှိနေ

ဒေါက်တာအေးမောင်ကို ဖမ်းဆီးအရေးယူမှု ဥပဒေအရ ဝိရောဓိ ဖြစ်စရာတွေ အများအပြား ရှိနေ တယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ်ရဲ့ ဥက္ကဋ္ဌ ဦးသိန်းညွန့်က ဝေဖန်ပြောကြားလိုက်ပါတယ်။

MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းမှုကို ဖြေကြားစဉ်မှာ တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်က ပြောကြားလိုက်တာပါ။ ဒီလိုပြောကြားရာမှာတော့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၁ (ခ) (ဂ) ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ) ၊ မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇) (၁) (၂) စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ ဥပဒေအရ ဝိရောဓိ ဖြစ်စေတယ်လို့ ပြောကြားလိုက်တာပါ။

ဒါ့အပြင် အခုလို လုပ်ဆောင်မှုဟာ ရခိုင်ပြည်နယ်အတွင်းမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မဖြစ်နိုင်တော့သလို အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း အလှမ်း ဝေးသွားစေနိုင်တယ်လို့လည်း သတိပေးပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)