ေတာင္တန္းေဒသေတြမွာ လမ္းပန္းဆက္သြယ္ေရး ခက္ခဲ

0
1991

တုိင္းရင္းသား အမ်ားစုေနထုိင္တဲ့ ေတာင္တန္းေဒသေတြဟာ လမ္းပန္းဆက္သြယ္ ေရးခက္ခဲၿပီး တစ္ေနရာ နဲ႔ တစ္ေနရာ လြယ္ကူစြာသြားလာဖို႔ အခက္အခဲမ်ားရွိေနေသးတဲ့အတြက္ စီးပြားေရးလုပ္ငန္းမ်ားလုပ္ေဆာင္ဖို႔ အေျခအေနဖန္တီးခြင့္ နည္းပါးတယ္လုိ႔ ႏုိင္ငံေတာ္ ဒုတိယ သမၼတ ကေျပာပါတယ္။

ဇန္နဝါရီ ၁၈ ရက္ေန႔က က်င္းပတဲ့ တုိင္းရင္းသားလူမ်ဳိးမ်ား စဥ္ဆက္မျပတ္ဖြ႔ံၿဖဳိးတိုးတက္မႈဖုိရမ္မွာ ဒုတိယ သမၼတ ကအခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။ တုိင္းရင္းသားလူမ်ဳိးမ်ားဟာ အမ်ားအားျဖင့္ နယ္စပ္ေဒသ တစ္ေလွ်ာက္ႏွင့္ ေတာင္ေပၚေဒသမ်ားတြင္ အမ်ားဆုံးေနထုိင္ၾကၿပီး မည္သည့္အခက္အခဲ မည့္သည့္စိန္ေခၚမႈမ်ဳိးကုိမဆုိ တုိင္းရင္းသားအားလုံး စည္းလုံး ညီညႊတ္စြာျဖင့္ ၀ိုင္း၀န္းႀကဳိးပမ္း ေျဖရွင္းၾကရမယ္လုိ႔ ဒုတိယ သမၼတကေျပာခဲ့ပါတယ္။

ဒုတိယ သမၼတက ႏုိင္ငံေတာ္အစုိးရအေနနဲ႔ တုိင္းရင္းသားေဒသမ်ားမွာ နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္း သာယာေရးကုိ ဦးစားေပးေဆာင္ရြက္ေနၿပီး အေတြးအျမင္ မတူသည္မ်ားကုိ ေဘးဖယ္ထားၿပီး တူညီသည္မ်ား ကုိ စုစည္း၍ ေရွ႕ဆက္ေဆာင္ရြက္ရျခင္းမ်ား ရွိသကဲ့သုိ႔ မတူညီေသာ္လည္း ေပါင္းစပ္ေဆာင္ရြက္ႏုိင္ျခင္းမ်ား လည္းရွိေနတယ္လုိ႔ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ဒုတိယ သမၼတကမတူ ကြဲျပားမႈမ်ားရွိေသာ္လည္း စုစည္းတည္ေဆာက္၍ရၿပီး အဓိကအေရးႀကီး သည္မွာ ၿငိမ္းခ်မ္းရန္ပင္ျဖစ္တယ္လုိ႔ ေျပာခဲ့ပါတယ္။
…………………….. ။ ။ ………………………..

တောင်တန်းဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲ

တိုင်းရင်းသား အများစုနေထိုင်တဲ့ တောင်တန်းဒေသတွေဟာ လမ်းပန်းဆက်သွယ် ရေးခက်ခဲပြီး တစ်နေရာ နဲ့ တစ်နေရာ လွယ်ကူစွာသွားလာဖို့ အခက်အခဲများရှိနေသေးတဲ့အတွက် စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ဖို့ အခြေအနေဖန်တီးခွင့် နည်းပါးတယ်လို့ နိုင်ငံတော် ဒုတိယ သမ္မတ ကပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့က ကျင်းပတဲ့ တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်မှာ ဒုတိယ သမ္မတ ကအခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးများဟာ အများအားဖြင့် နယ်စပ်ဒေသ တစ်လျှောက်နှင့် တောင်ပေါ်ဒေသများတွင် အများဆုံးနေထိုင်ကြပြီး မည်သည့်အခက်အခဲ မည့်သည့်စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားအားလုံး စည်းလုံး ညီညွှတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဖြေရှင်းကြရမယ်လို့ ဒုတိယ သမ္မတကပြောခဲ့ပါတယ်။

ဒုတိယ သမ္မတက နိုင်ငံတော်အစိုးရအနေနဲ့ တိုင်းရင်းသားဒေသများမှာ နယ်မြေဒေသတည်ငြိမ်အေးချမ်း သာယာရေးကို ဦးစားပေးဆောင်ရွက်နေပြီး အတွေးအမြင် မတူသည်များကို ဘေးဖယ်ထားပြီး တူညီသည်များ ကို စုစည်း၍ ရှေ့ဆက်ဆောင်ရွက်ရခြင်းများ ရှိသကဲ့သို့ မတူညီသော်လည်း ပေါင်းစပ်ဆောင်ရွက်နိုင်ခြင်းများ လည်းရှိနေတယ်လို့ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယ သမ္မတကမတူ ကွဲပြားမှုများရှိသော်လည်း စုစည်းတည်ဆောက်၍ရပြီး အဓိကအရေးကြီး သည်မှာ ငြိမ်းချမ်းရန်ပင်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)