ျပင္ဒရယ္ ဒီေရေတာႀကိဳးဝိုင္းအတြင္း ဒီေရေတာစီမံကိန္းတစ္ခု အေကာင္ထည္ေဖာ္မယ္

0
2049

ဩစေၾတးလ်ႏိုင္ငံ ကြင္းစလန္းတကၠသိုလ္၊ အာရွ နဲ႔ ပစိဖိတ္ေဒသအတြင္း သစ္ေတာ ျပန္လည္ တည္ေထာင္ျခင္း နဲ႔ ေရရွည္ တည္တံ့ေစေရး သစ္ေတာစီမံအုပ္ခ်ဳပ္ လုပ္ကိုင္ျခင္းဆိုင္ရာ ကြန္ရက္ (APFNet) ဟာ ျမန္မာႏိုင္ငံ သစ္ေတာဦးစီးဌာန၊ သယံ ဇာတႏွင့္ သဘာ၀ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ နဲ႔ ပူးေပါင္းၿပီး ျမန္မာႏိုင္ငံမွာ ဒီေရေတာစီမံကိန္းတစ္ခု စတင္အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ေရး အတြက္စီစဥ္မႈေတြရွိေနပါတယ္။

စီမံကိန္းလုပ္ငန္းမ်ားကို ကမ္း႐ိုးတန္း သယံဇာတမ်ား၊ အထူးသျဖင့္ ဒီေရေတာ မ်ားအေပၚ အဓိက မွီခိုေနၾကတဲ့ ေတာင္သူလယ္သမားမ်ား ေနထိုင္ရာ ျပင္ဒရယ္ ဒီေရေတာႀကိဳးဝိုင္းအတြင္းမွာ အေကာင္အ ထည္ေဖာ္ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

စီမံကိန္းကာလမွာ ၃၆ လျဖစ္ၿပီး ရန္ပုံေငြမွာ စုစုေပါင္းအေမရိကန္ေဒၚလာ ၅၄၇၀၇၀ ျဖစ္ကာ အဆိုပါရန္ပုံေငြ ကို ကြင္းစလန္းတကၠသိုလ္ နဲ႔ APFNet တို႔မွ ပူးေပါင္းပံ့ပိုးေပးျခင္းျဖစ္ပါတယ္။

ဧရာ၀တီ ျမစ္၀ကၽြန္းေပၚေဒသရွိ ဒီေရေတာမ်ား ျပန္လည္တည္ေထာင္မႈနဲ႔ ထာ၀စဥ္ တည္တံ့ေစဖုိ႔ စီမံအုပ္ခ်ဳပ္ျခင္းတို႔နဲ႔႔ပတ္သက္တဲ့ စြမ္းေဆာင္ရည္ျမႇင့္ တင္ေပးဖို႔ နဲ႔ စီမံကိန္းဧရိယာအတြင္းရွိ ဒီေရေတာမ်ား ယွဥ္တြဲလ်က္ စိုက္ ပ်ိဳးေရးႏွင့္ ေရလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုး တက္လာေစၿပီး ေဒသခံျပည္သူ လူထုရဲ႕ အသက္ေမြးဝမ္းေက်ာင္းမႈႏွင့္ ေရရွည္ ဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျပဳႏိုင္ရန္ ရည္႐ြယ္ကာ အလုပ္ရံုေဆြးေႏြးပြဲေတြက်င္းပခဲ့ပါတယ္။
……………………… ။ ။ ………………………
ပြင်ဒရယ် ဒီရေတောကြိုးဝိုင်းအတွင်း ဒီရေတောစီမံကိန်းတစ်ခု အကောင်ထည်ဖော်မယ်

ဩစတြေးလျနိုင်ငံ ကွင်းစလန်းတက္ကသိုလ်၊ အာရှ နဲ့ ပစိဖိတ်ဒေသအတွင်း သစ်တော ပြန်လည် တည်ထောင်ခြင်း နဲ့ ရေရှည် တည်တံ့စေရေး သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်ခြင်းဆိုင်ရာ ကွန်ရက် (APFNet) ဟာ မြန်မာနိုင်ငံ သစ်တောဦးစီးဌာန၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ဒီရေတောစီမံကိန်းတစ်ခု စတင်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက်စီစဉ်မှုတွေရှိနေပါတယ်။

စီမံကိန်းလုပ်ငန်းများကို ကမ်းရိုးတန်း သယံဇာတများ၊ အထူးသဖြင့် ဒီရေတော များအပေါ် အဓိက မှီခိုနေကြတဲ့ တောင်သူလယ်သမားများ နေထိုင်ရာ ပြင်ဒရယ် ဒီရေတောကြိုးဝိုင်းအတွင်းမှာ အကောင်အ ထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

စီမံကိန်းကာလမှာ ၃၆ လဖြစ်ပြီး ရန်ပုံငွေမှာ စုစုပေါင်းအမေရိကန်ဒေါ်လာ ၅၄၇၀၇၀ ဖြစ်ကာ အဆိုပါရန်ပုံငွေ ကို ကွင်းစလန်းတက္ကသိုလ် နဲ့ APFNet တို့မှ ပူးပေါင်းပံ့ပိုးပေးခြင်းဖြစ်ပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ ဒီရေတောများ ပြန်လည်တည်ထောင်မှုနဲ့ ထာဝစဉ် တည်တံ့စေဖို့ စီမံအုပ်ချုပ်ခြင်းတို့နဲ့ပတ်သက်တဲ့ စွမ်းဆောင်ရည်မြှင့် တင်ပေးဖို့ နဲ့ စီမံကိန်းဧရိယာအတွင်းရှိ ဒီရေတောများ ယှဉ်တွဲလျက် စိုက် ပျိုးရေးနှင့် ရေလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာစေပြီး ဒေသခံပြည်သူ လူထုရဲ့ အသက်မွေးဝမ်းကျောင်းမှုနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကာ အလုပ်ရုံဆွေးနွေးပွဲတွေကျင်းပခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)