စက်ရုံမီးလောင်တယ်လို့ ထင်မှတ်ပြီး ထွက်ပြေးခဲ့တဲ့ အလုပ်သမား ၂၉ ဦးမူးလဲ

0
2156

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ က ရွှေပြည်သာမြို့နယ်ရှိ တရုတ်နိုင်ငံသား Mr.Zhou Haofeng ပိုင်ဆိုင်တဲ့ GTIG Easter Garment (Myanmar)Co,Ltd အထည်ချုပ် စက်ရုံက အလုပ်သမားတွေဟာ စက်ရုံမီးလောင်တယ်လို့ ထင်မှတ်ပြီး ထွက်ပြေးကြရာကနေ အလုပ်သမား ၂၉ ဦး မူးလဲခဲ့တာဖြစ်ပါတယ်။

အဲဒီစက်ရုံဘေး ခြံစည်းရိုးအပြင်ဘက်မှာရှိတဲ့ အမှိုက်ပုံကမီးခိုးများထွက်လာပြီး စက်ရုံအတွင်း ရောက်ရှိလာတဲ့အတွက် အလုပ်သမားတွေက စက်ရုံမီးလောင်တယ်လို့ ထင်မှတ်ပြီး ကြောက်လန့်ထွက်ပြေးကြရာကနေ အလုပ်သမား၂၉ ဦးတို့ မူးလဲခဲ့ တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာ က သတင်းထုတ်ပြန်ခဲ့ပါတယ်။


…………………. ။ ။ ………………..

စက်ရုံမီးလောင်သည်ဟု ထင်မှတ်ပြီး ထွက်ပြေးခဲ့တဲ့ အလုပ်သမား ၂၉ ဦးမူးလဲ

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ က ရွှေပြည်သာမြို့နယ်ရှိ တရုတ်နိုင်ငံသား Mr.Zhou Haofeng ပိုင်ဆိုင်တဲ့ GTIG Easter Garment (Myanmar)Co,Ltd အထည်ချုပ် စက်ရုံဘေး ခြံစည်းရိုးအပြင်ဘက်ရှိ အမှိုက်ပုံကမီးခိုးများထွက်လာပြီး စက်ရုံအတွင်း ရောက်ရှိလာတဲ့အတွက် အလုပ်သမားတွေက စက်ရုံမီးလောင်တယ်လို့ ထင်မှတ်ပြီး ကြောက်လန့်ထွက်ပြေးကြရာကနေ အလုပ်သမား၂၉ ဦးတို့ မူးလဲခဲ့ တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာ က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မူးဝေလဲကျသွားခဲ့တဲ့လူတွေကို ရွှေပြည်သာ ဆေးရုံ မှာ ၁၈ ဦး၊ စိမ်းလဲ့ဝေဆေးခန်းမှာ ၅ ဦး၊ အင်းစိန်ဆေးရုံမှာ ၆ ဦးတို့တင်ပို့ကုသခဲ့ပါတယ်။

အဲဒီ မီးလန့်တဲ့နေရာကို စစ်ဆေးခဲ့ရာ စက်ရုံဘေးမှာရှီတဲ့ စွန့်ပစ်အမှိုက်တွေပေါ်ကို စက်ရုံလုပ်သား ၁ ဦး မီးကြွင်းဆေးလိပ်တိုစွန့်ပစ်မိရာကနေ မီးလောင်ပြီး မီးခိုးတွေ စက်ရုံအတွင်းကို ဝင်ရောက်ခြင်းဖြစ်ပြီး အင်းစိန်ဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူနေတဲ့ အလုပ်သမား မချယ်ရီလင်းအပါဝင် ၄ ဦး ဆက်လက်ကုလျက်ရှိပြီး ကျန်အလုပ်သမား ၂၅ ဦးမှာ ဆေးရုံမှဆင်းသွားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာ န ကဖော်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)