မင္းဘူးၿမိဳ႕မွာ ယာဥ္တိုက္မႈျဖစ္ပြားရာမွ ဘဂၤါလီ ၁၂ ဦး ဖမ္းဆီးရမိ

0
2069

၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ ၁၇ ရက္ေန႔ မင္းဘူးၿမိဳ႕ မင္းဘူး-မေကြးသြား ကားလမ္း ဆားပြတ္ေခ်ာင္းတံတားထိပ္ မွာ ယာဥ္တုိက္မႈျဖစ္ခဲ့ရာမွ ဘဂၤါလီ ၁၂ ဦးဖမ္ဆီးရမီခဲ့တယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာန က သတင္းထုတ္ျပန္ခဲ့ပါတယ္။

သက္နိုင္(ခ)မာရဆာနာမြတ္၊ (၃၁)ႏွစ္ ေမာင္းႏွင္ၿပီး ျမင့္ေရႊ (၂၉)ႏွစ္ လိုက္ပါလာတဲ့ ယာဥ္က တစ္ဖက္ယာဥ္ေၾကာဆီ ေရာက္ရွိၿပီး ေဇာ္နိုင္လင္း၊ (၁၈)ႏွစ္ ေမာင္းႏွင္ၿပီး ဦးေက်ာ္ၿမိဳင္(၄၃)ႏွစ္ လိုက္ပါလာတဲ့ ယာဥ္ကို မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ၿပီး သက္နိုင္(ခ)မာရဆာနာမြတ္တြင္ ပြန္းပဲ့ ေပါက္ျပဲဒဏ္ရာမ်ား ရရွိခဲ့ပါတယ္။

သက္နိုင္(ခ)မာရဆာနာမြတ္ကို မင္းဘူးၿမိဳ႕မရဲစခန္းယာဥ္(ပ)၂/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၂၇၉/၃၇၇ နဲ႔ အမွုဖြင့္ စစ္ေဆးခဲ့ရာ စစ္ေဆးေပၚေပါက္ခ်က္အရ ယာဥ္ေပၚမွာ ဘဂၤါလီလူမ်ိဳးမ်ား လိုက္ပါလာၿပီး ယာဥ္တိုက္မွ ေၾကာင့္ ဆားပြတ္ေခ်ာင္းအနီးကိုင္းေတာအတြင္း ပုန္းေအာင္းေနခဲ့ပါတယ္။

ရဲတပ္ဖြဲ႔ေတြ ဟာ ဇန္နဝါရီလ ၁၈ ရက္မွာ ကိုင္းေတာအတြင္းဝင္ေရာက္ရွာေဖြခဲ့ရာ ေဂ်ာ္လာမ္း၊ (၄၈)ႏွစ္ပါ ဘဂၤါလီ က်ား ၁၁ ဦးအား ဖမ္းဆီးရမိခဲ့ၿပီး ေနာက္ စစ္ေဆးခဲ့ရာ ၎တို႔ စုစုေပါင္း ၁၂ ဦး ပါရွိေၾကာင္းေျပာခဲ့ရာ ပူးေပါင္းအဖြဲ႕မွ ထပ္မံ ရွာေဖြစုံစမ္း ခဲ့ရာ မင္းဘူးၿမိဳ႕ ကားႀကီးကြင္းအတြင္းမွ အႏုရ္ေတာ္ေခ်ာရ္၊ (၃၀)ႏွစ္အား ထပ္မံ ဖမ္းဆီး ရမိခဲ့တယ္လုိ႔ ျပည္ထဲေရးဝန္ႀကီးဌာနကေဖာ္ျပထားပါတယ္။
………………….. ။ ။ ……………….

မင်းဘူးမြို့မှာ ယာဉ်တိုက်မှုဖြစ်ပွားရာမှ ဘင်္ဂါလီ ၁၂ ဦး ဖမ်းဆီးရမိ

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ မင်းဘူးမြို့ မင်းဘူး-မကွေးသွား ကားလမ်း ဆားပွတ်ချောင်းတံတားထိပ် မှာ ယာဉ်တိုက်မှုဖြစ်ခဲ့ရာမှ ဘင်္ဂါလီ ၁၂ ဦးဖမ်ဆီးရမီခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ခဲ့ပါတယ်။

သက်နိုင်(ခ)မာရဆာနာမွတ်၊ (၃၁)နှစ် မောင်းနှင်ပြီး မြင့်ရွှေ (၂၉)နှစ် လိုက်ပါလာတဲ့ ယာဉ်က တစ်ဖက်ယာဉ်ကြောဆီ ရောက်ရှိပြီး ဇော်နိုင်လင်း၊ (၁၈)နှစ် မောင်းနှင်ပြီး ဦးကျော်မြိုင်(၄၃)နှစ် လိုက်ပါလာတဲ့ ယာဉ်ကို မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး သက်နိုင်(ခ)မာရဆာနာမွတ်တွင် ပွန်းပဲ့ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပါတယ်။

သက်နိုင်(ခ)မာရဆာနာမွတ်ကို မင်းဘူးမြို့မရဲစခန်းယာဉ်(ပ)၂/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၇၇ နဲ့ အမှုဖွင့် စစ်ဆေးခဲ့ရာ စစ်ဆေးပေါ်ပေါက်ချက်အရ ယာဉ်ပေါ်မှာ ဘင်္ဂါလီလူမျိုးများ လိုက်ပါလာပြီး ယာဉ်တိုက်မှ ကြောင့် ဆားပွတ်ချောင်းအနီးကိုင်းတောအတွင်း ပုန်းအောင်းနေခဲ့ပါတယ်။

ရဲတပ်ဖွဲ့တွေ ဟာ ဇန်နဝါရီလ ၁၈ ရက်မှာ ကိုင်းတောအတွင်းဝင်ရောက်ရှာဖွေခဲ့ရာ ဂျော်လာမ်း၊ (၄၈)နှစ်ပါ ဘင်္ဂါလီ ကျား ၁၁ ဦးအား ဖမ်းဆီးရမိခဲ့ပြီး နောက် စစ်ဆေးခဲ့ရာ ၎င်းတို့ စုစုပေါင်း ၁၂ ဦး ပါရှိကြောင်းပြောခဲ့ရာ ပူးပေါင်းအဖွဲ့မှ ထပ်မံ ရှာဖွေစုံစမ်း ခဲ့ရာ မင်းဘူးမြို့ ကားကြီးကွင်းအတွင်းမှ အနုရ်တော်ချောရ်၊ (၃၀)နှစ်အား ထပ်မံ ဖမ်းဆီး ရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)