
0
2039




…………………… ။ ။ ……………………..

မြန်မာနိုင်ငံအပေါ် ရင်နှီးမြှုပ်နှံမှုပိုင်းမှာ စိတ်ဝင်စားမှုမလျှော့

နိုင်ငံခြားအက်ဖ်ဒီအိုင်အတွက် ကုမ္ပဏီများဥပဒေသစ် စီးပွားရေးပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေဖြစ်ပေါ်ခဲ့ပေမယ့် မကြာသေးမီ အချိန်အထိ ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့်လည်း ရင်းနှီးမြှုပ်နှံသူတို့ စိတ်ဝင်စားမှုမလျော့ကျဘူးလို့ OBG (OxfordBusiness Group) အစီရင်ခံစာ မှာဖော်ပြ ထားပါတယ်။

ဒီဇင်ဘာလက အတည်ပြုခဲ့တဲ့ ကုမ္ပဏီများဥပဒေအသစ်ဟာ လာမယ့် သြဂုတ်လမှာ စတင်အသက်ဝင်မှာ ဖြစ်ပြီး အဲဒီ ဥပဒေအရ ရင်းနှီးမြှုပ်နှံသူများက ကုမ္ပဏီတစ်ခု ရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်နေတဲ့ တိုင်အောင်အဲဒီကုမ္ပဏီက ပြည်တွင်းကုမ္ပဏီအဖြစ် ဆက်လက်တည်ရှိ မှာဖြစ်ပါတယ်။

ပြည်တွင်းကုမ္ပဏီတစ်ခုက နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှု တစ်ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားတဲ့ တိုင်အောင် နိုင်ငံခြားသားပိုင်ကုမ္ပဏီတစ်ခုအဖြစ် သတ်မှတ်ခံရ ခြင်းအပြင် အိမ်ခြံမြေ နဲ့ အခြားပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီး အက်ဖ်ဒီအိုင်များအပေါ် ကန့်သတ်ချက်အဖြစ် ရောက်ရှိ နေတဲ့အကြောင်းကို သတိပြုသင့် တယ်လို့ အောက်စဖို့ဒ် လုပ်ငန်းစုက ထောက်ပြထားပါတယ်။

ရင်းနှီးမြှုပ်နှံမှုများ အခြေအနေ အားကောင်းလာတာနဲ့အမျှ နိုင်ငံခြားတိုက်ရိုက်ရင်း နှီးမြှုပ်နှံ မှုများလည်း ၂ဝ၁၈ ခုနှစ်အတွင်း ပိုမိုဝင်ရောက်လာမယ်လို့ ခန့်မှန်းထားကြပြီး ပိုမိုများပြားတဲ့ စီးပွားရေးကဏ္ဍများကို ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်စေဖို့လည်း အထောက် အကူဖြစ်စေနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)