ျမန္မာႏိုင္ငံမွာ မွတ္ပံုတင္မတဲ့ ေဆးဝါးအတုေတြကို အေရးယူမယ္

0
2149

ျမန္မာႏိုင္ငံမွာ မွတ္ပုံတင္ထား ျခင္းမရွိေသာ ေဆးဝါးမ်ား၊ ေဆးဝါးအတု၊ စံမညီေဆးဝါးမ်ား တင္သြင္းျဖန္႔ျဖဴး ေရာင္းခ်ျခင္းမ်ားကို က်င့္ဝတ္(ethic)အရ လုံးဝ(လုံးဝ)မျပဳဖိုနဲ႔ လိုက္နာေဆာင္ရြက္ျခင္းမရွိပါက သက္ဆိုင္ရာ အာဏာပိုင္အဖြဲ႕အစည္းက အမ်ိဳးသား ေဆးဝါးဥပေဒပုဒ္မ(၁၈)အရ အေရးယူသြားမယ္လုိ႔ က်န္းမာေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေစ်းကြက္ရွိေဆးဝါးမ်ားကို ပုံမွန္စစ္ေဆးေဆာင္ရြက္ခဲ့ရာ ေဆးဘူးေပၚမွာ ေဖာ္ျပခ်က္အရ Henan Dekang Pharmaceutical Co., Ltd ထုတ္ ျမန္မာႏိုင္ငံမွာ ေဆးဝါးမွတ္ပုံတင္မရွိေသာ Quinine Dihydrochloride 0.5g/ml ေဆးဝါးဟာ ေဆးဝါးအတု(အတု) ျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရပါတယ္။

ေဆးဝါးအတု၊ စံမညီေဆးဝါးမ်ားကို မွီဝဲတဲ့ ေရာဂါေဝဒနာရွင္ေတြဟာ စရိတ္မ်ားစြာကုန္က်တဲ့့အျပင္ ခံစားေနရတဲ့ ေရာဂါမ်ားေပ်ာက္ကင္းျခင္း(လုံးဝ)မရွိဘဲ ပိုမိုဆိုးရြားတဲ့ အေျခအေနခံ စားရမွာျဖစ္တဲ့ အျပင္ အသက္အၲရာယ္လည္းရွိႏိုင္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။
………………….. ။ ။ ………………….

မြန်မာနိုင်ငံမှာ မှတ်ပုံတင်မတဲ့ ဆေးဝါးအတုတွေကို အရေးယူမယ်

မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထား ခြင်းမရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများကို ကျင့်ဝတ်(ethic)အရ လုံးဝ(လုံးဝ)မပြုဖိုနဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသား ဆေးဝါးဥပဒေပုဒ်မ(၁၈)အရ အရေးယူသွားမယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဈေးကွက်ရှိဆေးဝါးများကို ပုံမှန်စစ်ဆေးဆောင်ရွက်ခဲ့ရာ ဆေးဘူးပေါ်မှာ ဖော်ပြချက်အရ Henan Dekang Pharmaceutical Co., Ltd ထုတ် မြန်မာနိုင်ငံမှာ ဆေးဝါးမှတ်ပုံတင်မရှိသော Quinine Dihydrochloride 0.5g/ml ဆေးဝါးဟာ ဆေးဝါးအတု(အတု) ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

ဆေးဝါးအတု၊ စံမညီဆေးဝါးများကို မှီဝဲတဲ့ ရောဂါဝေဒနာရှင်တွေဟာ စရိတ်များစွာကုန်ကျတဲ့အပြင် ခံစားနေရတဲ့ ရောဂါများပျောက်ကင်းခြင်း(လုံးဝ)မရှိဘဲ ပိုမိုဆိုးရွားတဲ့ အခြေအနေခံ စားရမှာဖြစ်တဲ့ အပြင် အသက်အ္တရာယ်လည်းရှိနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)