ျမန္မာ့စီးပြားေရး အရွိန္ဟုန္ ေကာင္းလာမယ္

0
2078

ျမန္မာစီးပြားေရးဟာ လက္ရွိအခ်ိန္နဲ႔ မၾကာမီကာလမွာ အရွိန္ေကာင္းလာမယ္လို႔ OBG (OxfordBusiness Group) က ခန္႔မွန္းခဲ့ပါတယ္။

ရခုိင္ျပည္နယ္မွာျဖစ္ခဲ့ပဋိပကၡ နဲ႔ စီးပြားေရးျပဳျပင္ေျပာင္းလဲမႈ ေႏွးေကြးတာေၾကာင့္ ျမန္မာစီးပြားေရးကို ၂၀၁၇ ခုႏွစ္ အတြင္းက စိုးရိမ္မႈေတြရွိခဲ့ပါတယ္။
စိုးရိမ္ေၾကာင့္ၾကမႈမ်ားရွိခဲ့ေပမယ့္ စီးပြားေရးလုပ္ငန္းရွင္ ၈၈ ရာခုိင္ႏႈန္းဟာ ေတာင့္တင္းတဲ့ ျပည္တြင္း ေစ်းကြက္အလားအလာကို ပို္င္ဆုိင္ထားေၾကာင္း OBG က သံုးသပ္ေဖာ္ျပထားပါတယ္။

အဆိုပါ သုံးသပ္ခ်က္ ထဲမွာ IMF (အျပည္ျပည္ဆုိင္ရာ ေငြ ေၾကးရန္ပုံေငြအဖဲြ႕)ခန္႔မွန္းခ်က္ အရ ျမန္မာႏုိင္ငံ ဟာ ၂၀၁၇-၁၈ ဘ႑ာ ႏွစ္မွာ စီးပြားေရးတုိး တက္ႏႈန္း ၆ ဒသမ ၇ ရာခိုင္ႏႈန္း ဆိုထားပါတယ္။

၂၀၁၇ မွာ စိုက္ပ်ဳိးေရး က႑ ပိုမိုေကာင္းမြန္လာၿပီး ႏုိင္ငံ ၏စုစုေပါင္း ကုန္ထုတ္လုပ္မႈတန္ ဖိုး (GDP) ၃၈ ရာခုိင္ႏႈန္းရွိၿပီး အဲဒီ က႑က ႏုိင္ငံရဲ႕ ပုိ႔ကုန္ပမာဏ ၂၃ ရာခိုင္ႏႈန္းရွိၿပီး လုပ္သားအင္အား ၆၀ ရာခိုင္ႏႈန္းကို အလုပ္ကိုင္ေပးထားပါတယ္။
……………………. ။ ။…………………….

မြန်မာ့စီးပွားရေး အရှိန်ဟုန်ကောင်းလာမယ်

မြန်မာစီးပွားရေးဟာ လက်ရှိအချိန်နဲ့ မကြာမီကာလမှာ အရှိန်ကောင်းလာမယ်လို့ OBG (OxfordBusiness Group) က ခန့်မှန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ခဲ့ပဋိပက္ခ နဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှေးကွေး တာကြောင့် မြန်မာ စီးပွားရေးကို ၂၀၁၇ ခုနှစ် အတွင်းက စိုးရိမ်မှုတွေရှိခဲ့ပါတယ်။
စိုးရိမ်ကြောင့်ကြမှုများရှိခဲ့ပေမယ့် စီးပွားရေးလုပ်ငန်းရှင် ၈၈ ရာခိုင်နှုန်းဟာ တောင့်တင်းတဲ့ ပြည်တွင်း ဈေးကွက်အလားအလာကို ပိ်ုင်ဆိုင်ထားကြောင်း OBG က သုံးသပ်ဖော်ပြထားပါတယ်။

အဆိုပါ သုံးသပ်ချက် ထဲမှာ IMF (အပြည်ပြည်ဆိုင်ရာ ငွေ ကြေးရန်ပုံငွေအဖွဲ့)ခန့်မှန်းချက် အရ မြန်မာနိုင်ငံ ဟာ ၂၀၁၇-၁၈ ဘဏ္ဍာ နှစ်မှာ စီးပွားရေးတိုး တက်နှုန်း ၆ ဒသမ ၇ ရာခိုင်နှုန်း ဆိုထားပါတယ်။

၂၀၁၇ မှာ စိုက်ပျိုးရေး ကဏ္ဍ ပိုမိုကောင်းမွန်လာပြီး နိုင်ငံ ၏စုစုပေါင်း ကုန်ထုတ်လုပ်မှုတန် ဖိုး (GDP) ၃၈ ရာခိုင်နှုန်းရှိပြီး အဲဒီ ကဏ္ဍက နိုင်ငံရဲ့ ပို့ကုန်ပမာဏ ၂၃ ရာခိုင်နှုန်းရှိပြီး လုပ်သားအင်အား ၆၀ ရာခိုင်နှုန်းကို အလုပ်ကိုင်ပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)