မိခင်နဲ့ အကြွေးကိစ္စ စကားများပြီး သားဖြစ်သူ သုံးနှစ်ကလေးကို သတ်ဖြတ်မှု ဖြစ်ပွား

0
312

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်မှာ တစ်ခြံတည်းအတူနေသူချင်း အကြွေးကိစ္စ စကားများရာကနေ မကျေနပ်လို့ မိမိနဲ့စကားများသူရဲ့ သုံးနှစ်အရွယ် သားဖြစ်သူကို ဓားနဲ့ခုတ်သတ်တဲ့အမှု ဖြစ်ပွားခဲ့ပါတယ်။

လက်ပံတန်းမြို့နယ်၊ ယွန်းသွယ်ကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာမှာ ဇန်နဝါရီ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှာ မနန်းစိုးမိုးဆိုသူက တစ်ရွာတည်းအတူနေသူ မအေးသန္တာနဲ့ အကြွေးကိစ္စ စကားများပြီးနောက်တစ်ရက်မှာ မအေးသန္တာရဲ့ သားဖြစ်သူ မောင်ဇော်မျိုးအောင်က မနန်းစိုးမိုးရဲ့အိမ်ကို လာလည်စဉ်မှာ ဓားနဲ့ ခုတ်သတ်ခဲ့တာပါ။

မိခင်ဖြစ်သူ ဒေါ်အေးသန္တာက မောင်ဇော်မျိုးအောင်ကို ရှာမတွေ့တာကြောင့် အဖော်တွေနဲ့အတူ မနန်းစိုးမိုးရဲ့ နေအိမ်ပေါ် တက်ရောက်ရှာဖွေရာမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တာကြောင့် တိုင်ကြားခဲ့ပြီး သာရဝေါနယ်မြေရဲစခန်းက (ပ)၂၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

သာရဝေါနယ်မြေရဲစခန်းက ရဲအရာရှိတစ်ဦးက ဒီအမှုနဲ့ပတ်သက်ပြီး “အခုဖြစ်တာက တစ်ခြံတည်းအတူနေသူချင်း ဖြစ်တာဗျ။ အခင်မဖြစ်မီ တစ်ရက်က သေဆုံးသူရဲ့မိခင်နဲ့ ပြစ်မှုကျူးလွန်သူနဲ့ အကြွေးကိစ္စ စကားများကြတယ်လို့ သိရတယ်။ သေဆုံးသူ ကလေးငယ်ကတော့ အခါတိုင်းလည်းသွားနေကျဆိုတော့ နောက်နေ့မှာလည်း အခင်ဖြစ်တဲ့အိမ်ကိုရောက်သွားတယ်။ အဲဒီမှာ ခုလို ဖြစ်တာလို့ သိရတယ်။ အသတ်ခံရတာတော့ အိမ်ပေါ်မှာပါ။ ပြီးမှ အလောင်းကို သူတို့အိမ်ရှေ့ လှည်းလမ်းပေါ်ကို သယ်ချကြတာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)