ဇန်နဝါရီမှာ မြန်မာနိုင်ငံက မန်ယူ ပရိသတ်အသစ် အများဆုံးတိုးလာ

0
390

၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံက ပရိသတ်သစ် အများဆုံး တိုးလာခဲ့တယ်လို့ မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းက ဒီကနေ့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းတစ်ခုဖြစ်တဲ့ မန်ယူရဲ့ လူမှုကွန်ရက်စာမျက်နှာ Manchester United မှာ ဒီကနေ့ နေ့လယ်ပိုင်းက ဖော်ပြခဲ့တာပါ။

မန်ယူဟာ မြန်မာနိုင်ငံက ပရိသတ်တွေရဲ အားပေးထောက်ခံမှုတွေအတွက် အလွန်ကျေးဇူးတင်ကြောင်း ပြောကြားချင်ပါတယ်လို့လည်း ဆိုပါတယ်။

မန်ယူဟာ လက်ရှိမှာ ရမှတ် ၄၀ နဲ့ ပရီးမီယားလိဂ် အမှတ်ပေးဇယားမှာ နံပါတ် ၆ နေရာက ရပ်တည်နေပြီး ဇန်နဝါရီ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ စတုတ်စီးတီးအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)