ဦးဝင်းထိန်ကို အစိုးရအဖွဲ့ဝင်နဲ့ လွှတ်တော်အမတ်တွေရဲ့ စွမ်းဆောင်ရည် စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်

0
389

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်ကို အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်း စွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ် ဇန်နဝါရီ ၁၉ ရက်နေ့မှာ ခန့်အပ်လိုက်ပါတယ်။

အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်း စွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့ကို ဒီကနေ့မှာ ဦးဝင်းထိန်အပါအဝင် အဖွဲ့ဝင် ခြောက်ဦးနဲ့ ဖွဲ့စည်းလိုက်တယ်လို့ NLD ပါတီက ထုတ်ပြန်ခဲ့တာပါ။

အဲဒီအဖွဲ့မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့် (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ)၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင် (မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်)၊ အရံဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်၊ မန္တလေးတိုင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးနဲ့ ဗဟိုကော်မတီဝင် ဒေါ်လဲ့လဲ့တို့ အဖွဲ့ဝင်အဖြစ် ပါဝင်တယ်လို့ NLD က ထုတ်ပြန်ထားပါတယ်။

အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်း စွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့ကို ဇန်နဝါရီ ၇ ရက်နေ့က ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)