ပြည်ထောင်စုဝန်ကြီး မစ္စရန်ဟီလီ ကို လက်ခံတွေ့ဆုံ

0
282

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကသီးခြားစီတွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ကြရာမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာ ၀င်းမြတ်အေး၊ ဒေါက်တာ မျိုးသိမ်းကြီးတို့နှင့် ယနေ့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေမှာ သီးခြားစီသွားရောက်တွေ့ဆုံခဲ့တာပါ။

အဲဒီလိုတွေဆုံခဲ့ကြရာမှာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ပတ်သက်တဲ့ အခြေအနေတွေ အလုပ်ရှင်၊ အလုပ်သမား တွေနဲ့ ပတ်သက်တဲ့ဥပဒေအရ ဆောင်ရွက်နေမှု အခြေအနေတွေ ၀န်ကြီး ဌာနဲ့ ILO တို့ ပူးပေါင်းဆောင် ရွက်နေမှု အခြေအနေ၊ သန်းခေါင် စာရင်းဆိုင်ရာ အချက် အလက်တွေထုတ်ပြန် နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေ၊ ရခိုင်ပြည်နယ်တွင်း နိုင်ငံသား စိစစ်ရေး လုပ်ငန်းဆောင် ရွက်နေမှုတွေနဲ့အတူ ရခိုင်ပြည်နယ်ဒေအလိုက်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနအသီးသီးက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)