“ဘင်္ဂါလီတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ရပ်တန့်ဖို့” မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ် တောင်းဆို

0
301

“ဘင်္ဂါလီမွတ်ဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ တိုက်ခိုက်မှုတွေအားလုံး ရပ်တန့်ဖို့” မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က မြန်မာနိုင်ငံအပေါ် ဒီကနေ့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

မလေးရှားအစိုးရရဲ့ တောင်းဆိုမှုကြောင့် ဒီကနေ့ ကွာလာလမ်ပူမြို့တော်မှာလုပ်တဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)အစည်းအဝေးမှာ အဲဒီလို ပြောကြားခဲ့တာပါ။

” ဘင်္ဂါလီတွေအပေါ် ခွဲခြားဆက်ဆံတဲ့လုပ်ရပ်တွေနဲ့ တိုက်ခိုက်တာတွေ အားလုံး ချက်ချင်းရပ်ဖို့နဲ့ ဥပဒေမဲ့လုပ်ရပ်တွေ လုပ်နေသူတွေကို တရားစီရင်ပေဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုပါတယ်”လို့ နာဂျစ်ရာဇတ်က OIC အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့်စခန်း အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရပြီးနောက်မှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး မလေးရှားဟာ မြန်မာနိုင်ငံပေါ် အရင်ကတည်းက ပြင်းပြင်းထန်ထန် ဝေဖန်စွပ်စွဲမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

OIC အဖွဲ့ဟာ အစ္စလာမ်မစ်နိုင်ငံ ၅၇ နိုင်ငံနဲ့ ဖွဲ့စည်းထားပြီး အဲဒီနိုင်ငံတွေ အားလုံးရဲ့ လူဦးရေဟာ ၁.၆ ဘီလျံ ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)