ဆင်ဆာလက်မှတ် အသေကပ်ထားတဲ့ ဗီဒီယိုခွေတွေသာ အသုံးပြုဖို့ ဆင်ဆာအဖွဲ့ နှိုးဆော်

0
341

ဆင်ဆာလက်မှတ် အသေးကပ်ထားသည့် ဗီဒီယိုတိပ်ခွေ၊ ဗီဒီယိုလေဆာ ဓာတ်ပြားတွေကိုပဲ အသုံးပြုဖို့ ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီ၊ ရုပ်ရှင်နှင့်ဗီဒီယို ဆင်ဆာ အဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာနကအသိပေးနှိုးဆော်လိုက်ပါတယ်။

ပြည်တွင်းဗီဒီယို ထုတ်လုပ်ရေး လုပ်ငန်းတွေက ရိုက်ကူး ထုတ်လုပ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဗီဒီယိုဆင်ဆာအဖွဲ့က စစ်ဆေးခွင့်ပြု ပြီးတဲ့ မြန်မာဗီဒီယို ဇာတ်လမ်း၊ ကာရာအိုကေသီချင်း၊ ဗီဒီယိုတိပ်ခွေ၊ ဗီဒီယိုလေဆာဓာတ်ပြားတွေမှာ ဗီဒီယိုဆင်ဆာ အဖွဲ့က ထုတ်ပေးထားတဲ့ ခွင့်ပြုအမှတ်စဉ်ပါရှိတဲ့ ဗီဒီယို ဆင်ဆာလက်မှတ်အသေးကို ကပ်ထားရ မှာ ဖြစ်တယ်လို့ ရုပ်မြင်သံကြားနဲ့ဗီဒီယိုဥပဒေပုဒ်မ၂၅(ခ)မှာဖော်ပြထားတာပါ။

ဒါ့အပြင် ဆင်ဆာလက်မှတ်အသေးမပါရှိတဲ့ ဗီဒီယိုတိပ်ခွေ၊ ဗီဒီယိုလေဆာဓာတ်ပြားတွေကို ကူးယူတာဖြန့်ချိတာ၊ ငှားရမ်းတာဒါမှမဟုတ်ပြသတာတွေပြုလုပ် ခဲ့ပါက ထောက်ဒဏ် (၃)နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်၁ဝဝဝဝဝ(ကျပ်တစ်သိန်း)အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ၊ ချမှတ်နိုင်တဲ့ အပြင်ပြစ်မှုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ပစ္စည်းတွေကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းမှာဖြစ်တယ်လို့ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေပုဒ်မ ၃၂ အရသတ်မှတ် ထားပြီးဖြစ်နေတာပါ။

ဒါကြောင့် ဗီဒီယိုဆင်ဆာလက်မှတ်အသေးကပ်ထားဖို့နဲ့ ဗီဒီယိုဆင်ဆာလက်မှတ်အသေးပါရှိတဲ့ ဗီဒီယိုတိပ်ခွေတွေ ဗီဒီယိုလေဆာ ဓာတ်ပြားတွေကိုသာ အသုံးပြုကြဖို့ အသိပေးနှိုးဆော်လိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)