မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကုန်ပစ္စည်းတွေ တင်ပို့လျက်ရှိ

0
325

မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကို ငါးခြောက်၊ ဝါးအစရှိတဲ့ ကုန်ပစ္စည်းတွေ တင်ပို့လျက်ရှိပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၇ ရက်အထိ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၉၂ သန်းအထိ တင်ပို့နိုင်ခဲ့တယ်လို့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဦးခင်ကျော်မြင့်က ပြောကြားလိုက်ပါတယ်။

မောင်တောဒေသဟာ အောက်တိုဘာ ၉ ရက်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီးနောက် ပိတ်ထားခဲ့ရတဲ့ မောင်တောနယ်စပ်ဂိတ်ကို ဒီဇင်ဘာ ၂၄ ရက်နောက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ နယ်စပ်ဂိတ်စတင်ဖွင့်လှစ်ပြီး လကုန်ခန့်အထိကုန်ပစ္စည်းတွေတင်ပို့နိုင်မှုမရှိသေးဘဲ ဇန်နဝါရီ ၁ ရက်မှစတင်ကာ ငါးခြောက်မျိုးစုံ၊ ရေငန်ပုစွန်၊ ဝါး၊ ဇီးယို၊ သကြား၊ စောင်ပါး၊ ပဲလှော်၊ဆပ်ပြာနဲ့ အလှကုန်ပစ္စည်းတွေတင်ပို့လျက် ရှိနေဖြစ်ပါ တယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)