လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်အတွင်း လုံခြုံရေး အသိနဲ့ သတိရှိဖို့ လိုအပ်

0
360

လွှတ်တော် အစည်းအဝေးတွေ ကျင်းပနေစဉ်အတွင်း လုံခြုံရေးအသိနဲ့ သတိကို အထူးဂရုပြုဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့
လွှတ်တော် အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်နဲ့ ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ကပြောကြားလိုက်ပါတယ်။

ဒုတိယအကြိမ် လွှတ်တော်အသီးသီးရဲ့ စတုတ္ထပုံမှန် အစည်းအဝေးတွေ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတွေရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ ဇမ္ဗူသီရိဆောင်မှာပြုလုပ်တဲ့ အစည်းအဝေး မှာ အခုလိုပြောကြားလိုက်တာပါ။

အခု ကျင်းပမယ့် လွှတ်တော် အစည်းအဝေးမတိုင်မီ ဇန်န၀ါရီ ၂၉ ရက်မှာ စီမံကိန်းရေဆွဲခြင်းနဲ့ ဘတ်ဂျက်စိစစ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ဆောင်ရွက်သွားဖို့ရှိတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေကို ကြိုတင်ဖိတ်ကြားထားတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်အသီးသီး ရဲ့အစည်းအဝေးတွေ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီတွေအလိုက် ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ယခင် အတွေ့အကြုံ တွေအပေါ် အခြေခံပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။

ကော်မတီတွေအနေနဲ့ ဘယ်ကိစ္စရပ်ကိုမဆို အတူပူးပေါင်းညှိနှိုင်းဆောင်ရွက်ပါက လုပ်ငန်းတွေအောင်မြင်မှာဖြစ်ပြီး လွှတ်တော် အစည်းအဝေးတွေ အတွက် နည်းပညာပိုင်း ဆိုင်ရာ အထောက်အကူ ပစ္စည်းတွေ ၀ယ်ယူ ဖြည့်တင်းတာ အစည်းအဝေး ကျင်းပစဉ် ကာလ အတွင်း ချို့ယွင်းမှုတွေ မဖြစ်ပေါ်စေရေး ကြိုတင် စစ်ဆေး ပြင်ဆင်ထားဖို့လိုအပ်ပြီး ချို့ယွင်းမှုဖြစ်ပေါ်ပါက အမြန်ဆုံး ပြုပြင်နိုင်ရေး နည်းလမ်းတွေ စီမံ ဆောင်ရွက်ထားဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားခဲ့ပါတယ်.။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)