ယာဉ်လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ခရီးသည်တင်ယာဉ် ၀ယ်ယူနိုင်ဖို့ ဆောင်ရွက်နေ

0
313

ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ ယာဉ်အစီးရေနဲ့ လူဦးရေမျှတမှုမရှိဘဲ ယာဉ်လိုအပ်ချက်တွေ ရှိနေတဲ့အတွက် အဲဒီအခြေအနေကို ဖြည့်ဆည်းနိုင်ဖို့ ခရီးသည်တင်ယာဉ်တွေ အမြန်ဆုံး ဝယ်ယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။

ရန်ကုန်မြို့ခရီးသည်ပို့ဆောင်ရေး လမ်းကြောင်းသစ်တွေ စတင်ခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ ခရီးသည်တင် ယာဉ်အစီးရေ ၂၈ဝဝ ကပဲ ပြေးဆွဲခဲ့ပြီး
ဇန်နဝါရီ ၁၇ ရက်မှာအစီးရေ ၃ဝဝဝ ကျော်၊ ဇန်နဝါရီ၁၈ရက်မှာအစီးရေ ၃၄ဝဝ ကျော်ပြေးဆွဲခဲ့ကြတာပါ။ လက်ရှိမှာယာဉ်အစီးရေ လိုအပ်ချက်ရှိနေတာဖြစ်တဲ့အတွက် ခရီးသည်တင်အသစ်တွေ အမြန်ဆုံးထပ်မံဝယ်ယူဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မြို့တွင်းပြေးဆွဲလျက်ရှိတဲ့ ခရီးသည်တင်ယာဉ်အစီးရေ ၆ဝဝဝ ကျော် ရှိပြီး နေ့စဉ် ခရီးသည် ၂ သန်း ကျော် စီးနင်းလျက်ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)