ပါဂျဲရိုးယာဉ်နဲ့ ကျောက်စိမ်းတုံးများ သည်ဆောင်လာသူ နှစ်ဦးကို ဖမ်းဆီးရမိ

0
351

ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီမြို့နယ်မှာ ဇန်န၀ါရီ(၁၈)ရက်နေ့ ညနေပိုင်းက ပါဂျဲရိုးယာဉ်နဲ့ ကျောက်စိမ်းတုံးများသည်ဆောင်လာသူ နှစ်ဦးကို သိန်းနီမြို့မရဲစခန်းက ဖမ်းဆီးရမိခဲ့ပါတယ်။

သိန်းနီမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင်ရဲအုပ်မောင်ပု၊ ရဲအုပ်မျိုးဇော်ဝင်း၊ နယ်ထိန်းရဲတပ်ကြပ်ရဲဝင်း၊ ရဲဒုတပ်ကြပ်မျိုးမင်း၊ ရဲတပ်သားစိုင်းလှအောင်တို့ အဖွဲ့ ပန်ဖတ်ကျေးရွာ ပန်ဖတ်တံတားရဲကင်းအနီး နယ်မြေအတွင်း လုံခြုံရေးဆောင်ရွက်နေစဉ်မှာ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးအတိုင်း လားရှိုးမြို့ကနေ သိန်းနီမြို့ဘက်ကို မောင်းနှင်လာတဲ့ ပါဂျဲရိုးယာဉ်ကို ရပ်တန့်ရှာဖွေရာကနေ အခုလို ကျောက်စိမ်းတုံးများဖမ်းဆီးရမိခဲ့တာ လည်းဖြစ်ပါတယ်။

ပါဂျဲရိုးယာဉ်မောင်း ကိုဆွတ်နော်ဂျာ(ခ)နောနော် မောင်းနှင်ပြီး သူငယ်ချင်းဖြစ်သူ ကိုတူးဂျာ လိုက်ပါလာသည့် ပါဂျဲရိုးယာဉ်ပေါ်မှာ သိုဝှက်သည်ဆောင်လာတဲ့ ကျောက်စိမ်းတုံးဆိုဒ်စုံ(၃၅)တုံး၊ စုစုပေါင်းအလေးချိန်(၂၃၃၁)ကီလိုဂရမ်တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ပါတယ်။

တရားမ၀င်ကျောက်စိမ်းတုံးများ သယ်ဆောင်လာသူ ဆွတ်နော်ဂျာ(ခ)နောနော် (ဘ)ဦးဘရန်ဂျီး၊ ခိုမုန်းကျေးရွာ၊ ကွတ်ခိုင်မြို့နယ်နေသူနဲ့ ကိုတူးဂျာ(ဘ)ဦးမာတောင်၊ ရေ၀င်ကျေးရွာ၊ နောင်ချိုမြို့နယ်တို့တွင် နေထိုင်သူ(၂)ဦးကို သိန်းနီမြို့မရဲစခန်းက ကျောက်မျက်ဥပဒေပုဒ်မ ၄၂(က)အရ အမှုဖွင့်အရေး ယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)