၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေးဆိုင်ရာ သင်တန်း ပြုလုပ်

0
313

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအကြို လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးရေးဆိုင်ရာ သင်တန်းကို ရန်ကုန်မြို့မှာရှိတဲ့ မီဂါဇာဟိုတယ်မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာတော့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ အချိန်ဇယားတွေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ နောက်ဆုံးအခြေအနေတွေ မဲဆွယ်စည်းရုံးရေး ဆိုင်ရာ အခြေခံဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေရဲ့ဆောင်ရွက်ချက်တွေအပြင် မဲဆွယ်စည်းရုံးရေးအသုံးစရိတ်ဆိုင်ရာ ကိစ္စရပ်တွေပါဝင်ပါတယ်။

ဒါ့အပြင် မဲရုံမှူးသင်တန်းတွေကိုလည်း အရင်ရွေးကောက်ပွဲတွေတုန်းကလို သင်တန်းသားနှစ်ရာ သုံးရာကို တစ်ပြိုင်တည်းသင်တန်းပေးတော့မှာ မဟုတ်ဘဲ သင်တန်းသား အများဆုံး ၅၀ ခန့် သာပါဝင်တော့မှာပါ။

ဒီပွဲကို ပြည်ထောင်စုရွေကောက်ပွဲကော်မရှင် ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့အစည်း IDEA နှင့် ပါတီများ၊ ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျု့ DIPD တို့က ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)