ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေကို ပြင်ဆင်ဖို့ လုပ်ဆောင်နေ

0
26

လိင်လုပ်သားတွေကို ဥပဒေကြောင်းအရ ကာကွယ်မှုပေးနိုင်ဖို့အတွက် ၁၉၄၇ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေကို ပြင်ဆင်ဖို့ လုပ်ဆောင်နေပါတယ်။ဒီသတင်းကို MCN မန္တလေးသတင်းထောက် ဉာဏ်လင်းထူးက ပေးပို့ထားပါတယ်။

လိင်လုပ်သားတွေအနေနဲ့ လုပ်အားခခေါင်းပုံဖြတ်ခံရတာတွေအပါအဝင် အကြမ်းဖက်ခံရမူလည်း ကျုးလွန်ခံနေကြရတဲ့ သူတို့ကို ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်ဖို့အတွက် လုပ်ဆောင်နေတာဖြစ်ပါတယ်။

လိင်လုပ်သားတွေရဲ့ အလုပ်ကို ပုံမှန်အလုပ်တခုလိုပဲ ရှုမြင်ဖို့အပါအဝင် သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ မသမာတဲ့နည်းလမ်းတွေနဲ့ အရေးယူခံနေရတာတွေကို ကာကွယ်ပေးဖို့ လိုအပ်နေတာဖြစ်ပါတယ်။

အင်တာဗျူး မနှင်းနှင်းယု ဥက္ကဌ
တော်ဝင် ခရေကွန်ယက်

လိင်လုပ်သားတွေရဲ့ လူမှုဘဝတွေကို ပြည်သူတွေအနေနဲ့ပိုမိုသိရှိလာစေဖို့နဲ့ ခွဲခြားဆက်ဆံခံနေရမှုတွေကို လျော့နည်းစေဖို့အတွက် မန္တလေးမြို့မှာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ သတင်း မီဒီယာတွေတွေ့ဆုံပွဲကို ပြုလုပ်ခဲ့တာပါ။

လိင်လုပ်သားအများစုက မိသားစုပြသနာတွေဖြေရှင်းဖို့နဲ့ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် လိင်လုပ်သား ဘဝကို ရရှိလာကြတယ်လို့ ဆိုပါတယ်။

အင်တာဗျူး ဒေါ်ခင်မြင့်ဝေ စီမံကိန်း မန်နေဂျာ
ရင်ခတ်ပန်းအဖွဲ့

၂၀၁၃ခုနှစ်မှာ လိင်လုပ်သားတွေကို တရားဝင် လုပ်ကိုင်ခွင့်ပေးဖို့ လွှတ်တော်ကနေ ကြိုးစားခဲ့ပေမယ့် အရေးနိမ့်ခဲ့ပြီးနောက်မှာတော့ လက်ရှိဥပဒေကို ပြင်ဆင်ပြီး ပိုမိုကာကွယ်ပေးနိုင်ဖို့ ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်ခင်ဗျာ။