အစိုးရရဲ့ အလုပ်ကိုင်အစီစဉ်မှာ စိုက်ပျိုးရေးလုပ်သားတွေ ပါဝင်နိုင်ဖို့ တောင်းဆိုထား

0
29

အစိုးရရဲ့ သင့်တော်ကောင်းမွန်တဲ့ အလုပ်အကိုင်အစီအစဉ် မှာ စိုက်ပျိုးရေးလုပ်သားတွေ ပါဝင်နိုင်ဖို့ တောင်းဆိုထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်သန္တာမိုးကပေးပို့ထားပါတယ်။

အစိုးရက သင့်တော်ကောင်းမွန်တဲ့ အလုပ်အကိုင်အစီအစဉ်အနေနဲ့ ၂၀၁၈ခုနှစ်ကနေ၂၀၂၂ခုနှစ်အတွင်း ငါးနှစ်တာကာလအတွင်း စီမံကိန်းတွေလုပ်ဆောင်နေတာပါ။

အဲဒီ သင့်တော်ကောင်းမွန်သော အလုပ်အကိုင်အစီအစဉ်မှာ စိုက်ပျိုးရေးလုပ်သားတွေ ပါဝင်နိုင်ဖို့ အစိုးရဆီက ကတိကဝတ်ရရှိထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ကပြောပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့ Grand Mercure Hotel မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)ကဦးဆောင်ပြီး မြန်မာနိုင်ငံ တောင်သူ လယ်သမား နှင့်စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) ရဲ့ တောင်သူ လယ်သမား ဖိုရမ် ကျင်းပခဲ့တာပါ။

Soundbite ဒေါ်ဖြိုးစန္ဒာစိုး (လက်ထောက် အထွေထွေအတွင်းရေးမှူး)
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)

ဒါအပြင် တိုင်းပြည်အတွက် အဓိကကျတဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ကျဆင်းမှုတွေရှိနေတဲ့အပြင် လူငယ်တွေဟာ တခြားလုပ်ငန်းတွေကူးပြောင်းမှုတွေရှိနေတာကြောင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍကို ထိန်းချုပ်ဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။

ဒါကြောင့် စိုက်ပျိုးရေးလုပ်သားတွေအတွက် အစိုးရဆီက အာမခံချက်ရှိတဲ့စနစ်ဖြစ်တဲ့ လူမှုဖူလုံရေးမှာ ပါဝင်နိုင်ဖို့ လိုအပ်နေပြီလို့ လည်းပြောပါတယ်။

တောင်သူ လယ်သမား ဖိုရမ်ကို နိုဝင်ဘာလ ၁၅ရက်နေကနေ ၁၆ရက်နေ့အထိ နှစ်ရက်ကြာကျင်းပခဲ့ပြီး စိုက်ပျိုး ရေး လုပ်သားတွေရဲ့အခက်အခဲ တွေနဲ့ ပြဿနာတွေကို ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်ရှင်။