ဂျပန်လူငယ်တွေ ပါဝင်တဲ့ သင်္ဘောခရီးစဉ် မြန်မာကို ရောက်ရှိမယ်

0
26

Unicode Version

အရှေ့တောင်အာရှနဲ့ ဂျပန်လူငယ်တွေ ပါဝင်တဲ့ သင်္ဘောခရီးစဉ်ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ရောက်ရှိမှာဖြစ်တယ်လို့ အဆင့်မြင့်ပညာ ဦးစီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိချိန်မှာ ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး Institutional Visit and Interaction with Local Youths အစီအစဉ်ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အရှေ့တောင်အာရှနဲ့ ဂျပန်လူငယ်တွေ ပါဝင်တဲ့ သင်္ဘောခရီးစဉ်ဟာ ဂျပန်အစိုးရရဲ့ ဦးဆောင်မှုနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကို လူငယ်တွေ လှည့်လည်လေ့လာနေတဲ့ ခရီးစဉ် ဖြစ်ပါတယ်။

Zawgyi Version