မဲခေါင်နိုင်ငံတွေနဲ့UNDOC တို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ် ညှိနှိုင်း

0
20

Unicode Version

မဲခေါင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့က ဝန်ကြီးနဲ့ အဆင့်မြင့်အရာရှိကြီးတွေဟာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး (DOC) နဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နှစ်ရက်ကြာ ဆွေးနွေးပွဲမှာ နိုင်ငံရေးအရ သဘောတူညီချက်သစ် ညှိနှိုင်းခြင်းနဲ့ မူးယစ်ဆေးဝါး ကျဆင်းရေး အစီအစဉ်တို့ကို ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ မကြာခသေးခင်က မဲခေါင်ဒေသအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ကုန်ကူးမှုနဲ့ သုံးစွဲမှု သိသိသာသာ မြင့်တက်လာခြင်းနဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးဂိုဏ်းတွေ ရွှေတြိဂံဒေသကို ပြောင်းရွှေ့လာကြောင်း ခိုင်မာတဲ့ သတင်းရရှိမှုတွေကြောင့် အခုလို တွေ့ဆုံဆွေးနွေးပွဲတွေကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံတို့ဆုံရာ အရင် ဆယ်စုနှစ် များစွာကတည်းက မူးယစ်ဆေးဝါး ထုတ်လုပ်၊ ကုန်ကူးရာ ဖြစ်နေခဲ့ပေမယ့် အခု အထူးသဖြင့် မက်သာဖက်တမင်း ထုတ်လုပ်မှုတွေကို ခြေရာခံကြည့်ရာမှာ ရွှေတြိဂံဒေသက အဓိက ဖြစ်နေတာကို တွေ့ရှိနေရပါတယ်။

Zawgyi Version

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)