ကိုယ်အင်္ဂါ မသန်စွမ်းသူတွေအတွက် အသက်မွေးမှုသင်တန်း ဖွင့်လှစ်ပေးမယ်

0
15

Unicode Version

မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ကိုယ်အင်္ဂါ မသန်စွမ်းသူတွေအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အသက်မွေးမှုသင်တန်း ဖွင့်လှစ်ပေးမယ်လို့ အဲဒီ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စက်ချုပ်သင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ ဓာတ်ပုံသင်တန်း၊ ဆံသ သင်တန်းနဲ့ ကွန်ပျူတာ သင်တန်းတွေကို သုံးလ သင်တန်းအဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှာ စတင်သင်ကြားပေးမှာ ဖြစ်ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအောက်က လူမှုဝန်ထမ်း ဦးစီးဌာန၊ မသန်စွမ်း သက်ကြီး သင်တန်းကျောင်း (ရန်ကုန်) မှာ သင်ကြားပေးမှာ ဖြစ်တာကြောင့် အသက် ၁၈ ကနေ ၄၅ နှစ်အထိ ကိုယ်အင်္ဂါ မသန်စွမ်းတဲ့သူတွေ အားလုံး အခမဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

Zawgyi Version