
0
356

မောင်တောခရိုင်ထဲမှာ သုံးရက်အတွင်း ကျပ်သိန်းပေါင်း လေးသာင်းဖိုးခန့်ရှိတဲ့ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဆက်တိုက်ဖမ်းမိခဲ့ပါတယ်။



…………………. ။ ။ …………………..
မောင်တောမှာ ကျပ်သိန်းပေါင်း လေးသာင်းဖိုးခန့်ရှိတဲ့ မူးယစ်ဆေးတွေမိ

မောင်းတောခရိုင်ထဲမှာ သုံးရက်အတွင်း ကျပ်သိန်းပေါင်း လေးသာင်းဖိုးခန့်ရှိတဲ့ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဆက်တိ်ုက်ဖမ်းမိခဲ့ပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက မောင်တောမြို့ပေါ် နေရာနှစ်ခုမှာကျပ်သိန်းပေါင်း ၂ သောင်းဖိုး လောက် တန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့တာပါ။

မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဉာဏ်ဝင်းဦး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့က မြို့မအရှေ့ရပ်ကွက် တင်ရီရွာမှာရှိတဲ့ ကွမ်းယာနဲ့ ကုန်စုံဆိုင်ကို ဝင်ရောက်ရှာဖွေတဲ့အခါ ခရီးဆောင်အိတ် ၂ လုံးထဲက WY စာတမ်းပါ စိတ်ကြွဆေးပြား နှစ်သိန်းကိုးသောင်း နှစ်ထောင့်ငါးရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဖမ်းဆီးရမိမှု ၂ ခုမှာ ဆေးပြားအရေအတွက် ကိုးသိန်းခုနစ်သောင်းငါးထောင်၊ ဒေသပေါက်ဈေး ကျပ်သိန်းပေါင်း တသောင်းကိုးထောင်ငါးရာ (၁,၉၅၀,ဝ၀ဝ,ဝ၀ဝ) ရှိပြီး ဘူးသီးတောင်မြို့ နေအိမ်တစ်ခုကနေပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်မှာလည်းWY စိတ်ကြွဆေးပြား ကိုးသိန်း ခုနစ်သောင်းငါးထောင် ဖမ်းမိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)