ျမန္မာႏိုင္ငံက အဖြဲ႕ဝင္ႏုိင္ငံျဖစ္ဖုိ႔ ေလွ်ာက္ထားတာကို CIFA ပယ္ခ်

0
480

CIFA ဥကၠဌျဖစ္သူ စီဖူလ္ အစၥာလမ္က ျမန္မာအစိုးရ ဟာ မ်ိဳးသံုးသန္႔စင္မႈလုပ္ေဆာင္ေနတာေၾကာင့္ ျမန္မာႏုိင္ငံက အဖြဲ႔ဝင္ႏုိင္ငံျဖစ္ဖုိ႔ ေလွ်ာက္ထားတာကို ျငင္းဆန္ခဲ့တယ္လို႔ေျပာခဲ့ပါတယ္။

CIFA အဖြဲ႔ဝင္ႏုိင္ငံ ၁၆ ႏိုင္ငံ ဟာ ဒါကာ ၿမိဳ႕မွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ႏိုင္ငံတကာ ဖိနပ္နဲ႔ေျခအိတ္ ထုတ္လုပ္ေရးအဖြဲ႔ဝင္ႏိုင္ငံေတြရဲ႕ ၃၆ ႀကိမ္ေျမာက္ အစည္းအေဝးက်င္းပခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံရဲ႕ အဖြဲ႔ဝင္ႏုိင္ငံအျဖစ္ ေလွ်ာက္ထားေရး ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တာျဖစ္ပါတယ္။

တရုတ္၊ ကေမာၻဒီးယား၊ အိႏၵိယ၊ အင္ဒိုနီးရွား၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ မေလးရွား၊ ဖိလစ္ပိုင္၊ ထုိင္း ၊ ဗီယက္နမ္ နဲ႔ ထိုင္ဝမ္တုိ႔ ဟာ CIFA အဖြဲ႔ဝင္ႏုိင္ငံအျဖစ္ ရွိေနၿပီး ကမာၻတဝန္းမွာ ဖိနပ္နဲ႔ အထည္လုပ္ငန္းနဲ႔ သက္ဆုိင္တဲ့ စီးပြားေရးလုပ္ငန္းေတြအတြက္ ပူးေပါင္းေဆာင္ရြက္ဖုိ႔ အဖြဲဝင္ႏုိင္ငံ အခ်င္းခ်င္း ပူးေပါင္းေဆာင္ရြက္မႈ၊ သတင္းအခ်က္လက္ဖလွယ္မႈေတြ ေဆာာင္ရြက္ေနပါတယ္။
…………………. ။ ။ ………………………

မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ လျှောက်ထားတာကို CIFA ပယ်ချ

CIFA ဥက္ကဌဖြစ်သူ စီဖူလ် အစ္စာလမ်က မြန်မာအစိုးရ ဟာ မျိုးသုံးသန့်စင်မှုလုပ်ဆောင်နေတာကြောင့် မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ လျှောက်ထားတာကို ငြင်းဆန်ခဲ့တယ်လို့ပြောခဲ့ပါတယ်။

CIFA အဖွဲ့ဝင်နိုင်ငံ ၁၆ နိုင်ငံ ဟာ ဒါကာ မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ ဖိနပ်နဲ့ခြေအိတ် ထုတ်လုပ်ရေးအဖွဲ့ဝင်နိုင်ငံတွေရဲ့ ၃၆ ကြိမ်မြောက် အစည်းအဝေးကျင်းပခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားရေး ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပါတယ်။

တရုတ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း ၊ ဗီယက်နမ် နဲ့ ထိုင်ဝမ်တို့ ဟာ CIFA အဖွဲ့ဝင်နိုင်ငံအဖြစ် ရှိနေပြီး ကမ္ဘာတဝန်းမှာ ဖိနပ်နဲ့ အထည်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အဖွဲဝင်နိုင်ငံ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ သတင်းအချက်လက်ဖလှယ်မှုတွေ ဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)