ျပည္သူေတြရဲ႕ သေဘာထားအျမင္နဲ႔ စိတ္ခံစားမႈကို သိဖို႔လိုတယ္လို႔ ျပန္ၾကားေရးဝန္ႀကီး ေျပာ

0
433

ႏိုင္ငံတိုင္း စဥ္ဆက္မျပတ္ ဖြံ႔ၿဖိဳးေရး လုပ္ေဆာင္ႏိုင္ဖို႔ အမ်ားျပည္သူရဲ႕ ပါဝင္မႈ အလြန္အေရးႀကီးၿပီး အဲဒီလို ပါဝင္လာေအာင္ ျပည္သူေတြရဲ႕ သေဘာထားအျမင္နဲ႔ စိတ္ခံစားမႈကို ပထမဆံုး သိထားဖို႔ လိုအပ္တယ္လို႔ ျပန္ၾကားေရးဝန္ႀကီး ေဒါက္တာ ေဖျမင့္က ေျပာပါတယ္။

ဒီေန႔ ႏိုဝင္ဘာ ၁၈ ရက္ ေနျပည္ေတာ္မွာ က်င္းပတဲ့ (၁၁) ႀကိမ္ေျမာက္ အာရွ-ဥေရာပ သတင္းစာဆရာမ်ား ႏွီးေႏွာဖလွယ္ပြဲမွာ ေျပာၾကားသြားတာ ျဖစ္ပါတယ္။

ျပည္သူေတြရဲ႕ စိတ္ေန သေဘာထားကို တျဖည္းျဖည္း ေျပာင္းလဲရာမွာ မီဒီယာဟာ ပံုေဖာ္တဲ့ နည္းလမ္းေတြထဲက တစ္ခုျဖစ္ေၾကာင္း၊ မီဒီယာဟာ ဓားလို အစြန္းႏွစ္ဖက္ရွိၿပီး ေကာင္းေအာင္ လုပ္ႏုိင္သလို ဆိုးေအာင္လည္း လုပ္ႏိုင္ေၾကာင္း ဝန္ႀကီး ေဒါက္တာ ေဖျမင့္က ေျပာပါတယ္။

မီဒီယာဝန္းက်င္မွာ တာဝန္ယူမႈ၊ တာဝန္ခံမႈနဲ႔ ဘက္မလိုက္မႈ အျပင္ က်င့္ဝတ္နဲ႔ညီဖို႔၊ ပညာရွင္ ပီသဖို႔လည္း ထည့္သြင္းေျပာၾကားသြားပါတယ္။
…………………. ။ ။ ………………….

ပြည်သူတွေရဲ့ သဘောထားအမြင်နဲ့ စိတ်ခံစားမှုကို သိဖို့လိုတယ်လို့ ပြန်ကြားရေးဝန်ကြီး ပြော

နိုင်ငံတိုင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး လုပ်ဆောင်နိုင်ဖို့ အများပြည်သူရဲ့ ပါဝင်မှု အလွန်အရေးကြီးပြီး အဲဒီလို ပါဝင်လာအောင် ပြည်သူတွေရဲ့ သဘောထားအမြင်နဲ့ စိတ်ခံစားမှုကို ပထမဆုံး သိထားဖို့ လိုအပ်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောပါတယ်။

ဒီနေ့ နိုဝင်ဘာ ၁၈ ရက် နေပြည်တော်မှာ ကျင်းပတဲ့ (၁၁) ကြိမ်မြောက် အာရှ-ဥရောပ သတင်းစာဆရာများ နှီးနှောဖလှယ်ပွဲမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ စိတ်နေ သဘောထားကို တဖြည်းဖြည်း ပြောင်းလဲရာမှာ မီဒီယာဟာ ပုံဖော်တဲ့ နည်းလမ်းတွေထဲက တစ်ခုဖြစ်ကြောင်း၊ မီဒီယာဟာ ဓားလို အစွန်းနှစ်ဖက်ရှိပြီး ကောင်းအောင် လုပ်နိုင်သလို ဆိုးအောင်လည်း လုပ်နိုင်ကြောင်း ဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောပါတယ်။ မီဒီယာဝန်းကျင်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဘက်မလိုက်မှု အပြင် ကျင့်ဝတ်နဲ့ညီဖို့၊ ပညာရှင် ပီသဖို့လည်း ထည့်သွင်းပြောကြားသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)