အင္းစိန္ၿမိဳ႕နယ္မွာ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴး ေရြးခ်ယ္ေရး ကိစၥ ၅၀၀ ေက်ာ္ ဆႏၵျပ

0
522

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္မွာ ဒီေန႔ ႏုိဝင္ဘာ ၁၈ ရက္ေန႔က ရပ္ကြက္၊ ေက်းရြာအုပ္ခ်ဳပ္ေရးမႉး ေရြးခ်ယ္ပြဲမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ပူးေပါင္းေဆာင္ရြက္ေနတာကို ကန္႔ကြက္ဆႏၵျပၾကပါတယ္။

ဆႏၵျပသူေတြဟာ အင္းစိန္ ေအာင္ေဇယ် တံတားထိပ္ကေန ဘုရင့္ေနာင္လမ္းမႀကီး အတုိင္း လမ္းေလွ်ာက္ကာ အင္းစိန္ ျပည္ေတာ္တာလမ္းဆံု ဂ်ီတီအုိင္ေရွ႕အထိ ဆႏၵျပခဲ့တာျဖစ္ပါတယ္။

ဆႏၵျပသူေတြက ဖြဲ႔စည္းပံုအေျခခံ ဥပေဒနဲ႔အညီ ေဆာင္ရြက္ေရး၊ တရားမွ်တတဲ့ ေရြးခ်ယ္ပြဲျဖစ္ေျမာက္ေရး၊ အုပ္ခ်ဳပ္ေရးမႉး ေရြးခ်ယ္ေရးမွာ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ စြက္ဖက္မႈ မျပဳလုပ္ေရး စတဲ့ ေၾကြးေၾကာ္သံေတြ၊ ဆုိင္းဘုတ္ေတြကို ကိုင္ေဆာင္ကာ ဆႏၵျပခဲ့တာ ျဖစ္ပါတယ္။ ဆႏၵျပသူ ဦးေရ ၅၀၀ ေက်ာ္ရွိၿပီး ၿမိဳ႕နယ္သံုးၿမိဳ႕နယ္ ေပါင္းကာ ဆႏၵျပခဲ့တာျဖစ္ပါတယ္။
…………………. ။ ။ …………………..

အင်းစိန်မြို့နယ်မှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ကိစ္စ ၅၀ဝ ကျော် ဆန္ဒပြ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ ဒီနေ့ နိုဝင်ဘာ ၁၈ ရက်နေ့က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ပူးပေါင်းဆောင်ရွက်နေတာကို ကန့်ကွက်ဆန္ဒပြကြပါတယ်။

ဆန္ဒပြသူတွေဟာ အင်းစိန် အောင်ဇေယျ တံတားထိပ်ကနေ ဘုရင့်နောင်လမ်းမကြီး အတိုင်း လမ်းလျှောက်ကာ အင်းစိန် ပြည်တော်တာလမ်းဆုံ ဂျီတီအိုင်ရှေ့အထိ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ဆောင်ရွက်ရေး၊ တရားမျှတတဲ့ ရွေးချယ်ပွဲဖြစ်မြောက်ရေး၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးမှာ လွှတ်တော် ကိုယ်စားလှယ်တွေ စွက်ဖက်မှု မပြုလုပ်ရေး စတဲ့ ကြွေးကြော်သံတွေ၊ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြသူ ဦးရေ ၅၀ဝ ကျော်ရှိပြီး မြို့နယ်သုံးမြို့နယ် ပေါင်းကာ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)