OIC ဆံုးျဖတ္ခ်က္ မဲခြဲဆံုးျဖတ္ဖို႔ ျမန္မာ ကိုယ္စားလွယ္အဖြဲ႕ ေတာင္းဆို ကန္႔ကြက္

0
434

ကုလသမဂၢ အေထြေထြ ညီလာခံ တတိယ ေကာ္မတီမွာ အစၥလာမ္ ပူးေပါင္းေဆာင္ရြက္ေရး အဖြဲ႔ (OIC) က တင္သြင္းတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ ဆံုးျဖတ္ခ်က္ကို ျမန္မာကိုယ္စားလွယ္ အဖြဲ႔က မဲခြဲဆံုးျဖတ္ဖို႔ ေတာင္းဆို ကန္႔ကြက္ခဲ့ပါတယ္။

အေမရိကန္၊ နယူးေယာက္မွာ က်င္းပတဲ့ ၇၂ ႀကိမ္ ေျမာက္ အေထြေထြ ညီလာခံ တတိယေကာ္မတီမွာ OIC အဖြဲ႔ဝင္ ႏိုင္ငံေတြက ဦးေဆာင္ၿပီး ႏိုဝင္ဘာ ၁၆ ရက္က တင္သြင္းတာ ျဖစ္ပါတယ္။ အဆိုမူၾကမ္းဟာ တရားမွ်တမႈ မရွိတဲ့အတြက္ ျမန္မာ အၿမဲတမ္းကိုယ္စားလွယ္ ဦးေဟာက္ဒိုဆြမ္းက မဲခြဲေရး ေတာင္းဆိုတာ ျဖစ္ပါတယ္။

OIC က ႏိုင္ငံေရးအရ ဖိအားေပးလာၿပီး ျမန္မာႏိုင္ငံက ႏိုင္ငံေရးအသြင္ ဖိအားေပးမႈ အားလံုးကို ဆန္႔က်င္ေၾကာင္း၊ လူ႔အခြင့္အေရး အေၾကာင္းျပၿပီး အျပဳသေဘာ မေဆာင္တဲ့ ခ်ဥ္းကပ္မႈကို ဆန္႔က်င္ေၾကာင္း၊ မဲအေရအတြက္ အနည္းအမ်ားကို ပဓာန မထားဘဲ မဲခြဲဖို႔ ေတာင္းဆိုေၾကာင္း ဦးေဟာက္ဒိုဆြမ္းက မိန္႔ခြန္းေျပာပါတယ္။

မဲခြဲဆံုးျဖတ္ရာမွာ မဲအမ်ားစုနဲ႔ ဆံုးျဖတ္ခ်က္ကို အတည္ျပဳခဲ့ေပမယ့္ ျမန္မာႏိုင္ငံအေနနဲ႔ လက္ခံမွာ မဟုတ္ေၾကာင္း၊ ကန္႔ကြက္မဲ၊ ၾကားေနမဲ ေပးခဲ့တဲ့ ႏိုင္ငံေတြကို ေက်းဇူးတင္ေၾကာင္း ဦးေဟာက္ဒိုဆြမ္းက ေျပာခဲ့ပါတယ္။
………………….. ။ ။ …………………..

OIC ဆုံးဖြတ်ချက် မဲခွဲဆုံးဖြတ်ဖို့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ တောင်းဆို ကန့်ကွက်

ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယ ကော်မတီမှာ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) က တင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို မြန်မာကိုယ်စားလှယ် အဖွဲ့က မဲခွဲဆုံးဖြတ်ဖို့ တောင်းဆို ကန့်ကွက်ခဲ့ပါတယ်။

အမေရိကန်၊ နယူးယောက်မှာ ကျင်းပတဲ့ ၇၂ ကြိမ် မြောက် အထွေထွေ ညီလာခံ တတိယကော်မတီမှာ OIC အဖွဲ့ဝင် နိုင်ငံတွေက ဦးဆောင်ပြီး နိုဝင်ဘာ ၁၆ ရက်က တင်သွင်းတာ ဖြစ်ပါတယ်။ အဆိုမူကြမ်းဟာ တရားမျှတမှု မရှိတဲ့အတွက် မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက မဲခွဲရေး တောင်းဆိုတာ ဖြစ်ပါတယ်။

OIC က နိုင်ငံရေးအရ ဖိအားပေးလာပြီး မြန်မာနိုင်ငံက နိုင်ငံရေးအသွင် ဖိအားပေးမှု အားလုံးကို ဆန့်ကျင်ကြောင်း၊ လူ့အခွင့်အရေး အကြောင်းပြပြီး အပြုသဘော မဆောင်တဲ့ ချဉ်းကပ်မှုကို ဆန့်ကျင်ကြောင်း၊ မဲအရေအတွက် အနည်းအများကို ပဓာန မထားဘဲ မဲခွဲဖို့ တောင်းဆိုကြောင်း ဦးဟောက်ဒိုဆွမ်းက မိန့်ခွန်းပြောပါတယ်။

မဲခွဲဆုံးဖြတ်ရာမှာ မဲအများစုနဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပေမယ့် မြန်မာနိုင်ငံအနေနဲ့ လက်ခံမှာ မဟုတ်ကြောင်း၊ ကန့်ကွက်မဲ၊ ကြားနေမဲ ပေးခဲ့တဲ့ နိုင်ငံတွေကို ကျေးဇူးတင်ကြောင်း ဦးဟောက်ဒိုဆွမ်းက ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)