
0
969



……………….. ။ ။ …………………..

မြန်မာ-ထိုင်း-လာအို နိုင်ငံတကာ လက်ဝှေ့ပြိုင်ပွဲ ကျင်းပမယ်

မြန်မာ-ထိုင်း-လာအို နိုင်ငံတကာ လက်ဝှေ့ပြိုင်ပွဲကို မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးကျင်းပမှာ ဖြစ်ပါတယ်။

သိမ်ဖြူလက်ဝှေ့ရုံမှာ ကျင်းပမယ့် အဲဒီ ပြိုင်ပွဲမှာ စောဂေါ်မူတို (မြန်မာ) နဲ့ ဆင်မန်းနီး (ထိုင်း)၊ သွေးသစ်အောင် (မြန်မာ) နဲ့ ဒွန်ဆန်ပေါင် (ထိုင်း)၊ စောကျော်ပေါ်ခွား (မြန်မာ)နဲ့ ပတ်မွန်ချွန်း (လာအို) တို့ ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

ပြည်တွင်း စိန်ခေါ်ပွဲမှာ ရန်နိုင်ထွန်းနဲ့ မင်းထက်ကျော်၊ စိုးဝင်းသန်းနဲ့ ခွန်အာကာ၊ သပြေအောင်နဲ့ သိန်းစိုးတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ အမျိုးသမီး စိန်ခေါ်ပွဲမှာတော့ နော်ဥမ္မာစိုး (ဖီးနစ်ကလပ်) နဲ့ စုလှိုင်ဦး (တောင်ဇလပ် ကလပ်) တို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)