
0
392



………………… ။ ။ ………………….

ငွေစက္ကူမှာ ဗိုလ်ချုပ် အောင်ဆန်းပုံတွေ ပြန်ထည့်သွင်းမယ်

နောင်မှာ ရိုက်နှိပ်မယ့် ငွေစက္ကူတွေပေါ်မှာ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံတွေကို ပြန်လည် ထည့်သွင်းဖို့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

နိုဝင်ဘာ ၁၇ ရက်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မြိုင် မဲဆန္ဒနယ်က အမတ် ဦးအောင်ခင်ဝင်းရဲ့ တိုက်တွန်းချက်ကို လွှတ်တော်က အတည်ပြုတာ ဖြစ်ပါတယ်။ ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးမင်းကလည်း အဆိုကို ထောက်ခံခဲ့ပါတယ်။

လွှတ်တော်က အတည်ပြုခဲ့ပေမယ့် မဲခွဲစဉ်မှာ ကန့်ကွက်မဲ ၁၀၉ မဲ ရှိခဲ့ပါသေးတယ်။ ထောက်ခံမဲက ၂၈၆ မဲဖြစ်ပြီး ကြားနေမဲ မရှိခဲ့ပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)