အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ အစွန်းရောက်လှုပ်ရှားမှု ကွန်ရက်ကို ခြေရာခံမိပြီ

0
279

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အစွန်းရောက်လှုပ်ရှားမှု ကွန်ရက်ကို ခြေရာခံမိပြီလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

terror

နယ်မြေခံရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၇ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူသားသေသံ ကျေးရွာက မဟုတ်မမှန်သတင်းတွေပို့နေတဲ့ ရာမောက်တူလာကို သွားရောက်စစ်ဆေးရာကနေတစ်ဆင့် အစွန်းရောက် လှုပ်ရှားမှုကွန်ရက်ကို ခြေရာခံမိခဲ့တာပါ။

ရာမောက်တူလာဟာ Rohingya Muslim Group အမည်နဲ့ Viber Group ခုမှာ “ဘူးသီးတောင် မြို့နယ်အတွင်းရှိ ဘင်္ဂါလီလူမျိုးများအား စစ်တပ်နှင့်ရဲများ ပူးပေါင်းကာ သတ်ဖြတ်နေကြသဖြင့် ကူညီပေးကြရန်”ဆိုပြီး မဟုတ်မမှန်သတင်းတွေ ပေးပို့နေပြီး အဲဒီ Group ထဲမှာ ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတွေအပါအဝင် နိုင်ငံတကာရှိ အစွန်းရောက်လှုပ်ရှားသူများ ဆက်သွယ်ပါဝင်နေတာကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်လခန့်က ဘင်္ဂလားဒေ့ရှ်ကနေ ကျောက်ဖြူသားသေကံရွာကို ပြန်ရောက်ရှိလာတဲ့ မော်လဝီ မာမွတ်ရှားနဲ့ တခြားမော်လဝီတွေက ရာမောက်တူလာကို Viber ဖွင့်ပေးပြီး သုံးစွဲတဲ့နည်းလမ်းသင်ကြားပေးခဲ့ရာကနေ တခြား ရွာသားတွေကိုပါ Group ထဲကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီ Rohingya Muslim Group ဟာ အမေရိကန်မှာအခြေစိုက်ဖွဲ့စည်းထားတဲ့ ရိုဟင်ဂျာအာရေဗွီးရှင်း သတင်းဌာနနှင့် ဆက်သွယ်ဆောင်ရွက်မှုတွေရှိသလို နိုင်ငံတကာက အစ္စလာမ်အစွန်းရောက်တွေဆီက လိုအပ်တဲ့ အကူအညီတွေယူဖို့ အဆက်အသွယ် ပြုလုပ်လျက်ရှိနေပါတယ်။ ဒါ့အပြင် ပြည်ပမှ ငွေကြေးအကူအညီများ လွှဲပြောင်းပေးအပ်တဲ့ကိစ္စတွေကိုလည်း Viber Group ကနေတစ်ဆင့် အကြောင်းကြား အသိပေးဆောင်ရွက်နေကြတာလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)