တမူးမြို့နယ်မှာ အိန္ဒိယစစ်တပ် ဝင်လာလို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေ

0
491

မြန်မာ-အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့နယ်အတွင်းမှာ အိန္ဒိယစစ်တပ်ဝင်ရောက်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နေတယ်လို့ နယ်စပ်စောင့်ကြည့်ရေး ကော်မတီ အထက်ချင်းတွင်းကွန်ရက်အဖွဲ့ဝင် ကိုကျော်သက်ဝင်းကပြောပါတယ်။

india

ဒီကနေ့ နိုဝင်ဘာ(၁၈)ရက် နေ့လယ် ၂ နာရီကျော်လောက်မှာ အိန္ဒိယစစ်တပ်က လက်နက်ကိုယ်စီကိုယ်ငှ ယူဆောင်လာပြီါ် တမူးမြို့နယ်က ကျေးရွာတချို့မှာလည်း ဝင်ရောက်မှုတွေရှိနေတယ်လို့လည်း ပြောပါတယ်။

“အုပ်စုလိုက်ဝင်လာတာမဟုတ်ဘူးဗျ။ လူစုကွဲပြီးဝင်လာတာပါ။ ဘာကြောင့်ဝင်လာလဲ ဆိုတာတော့ မသိသေးဘူး ဖြစ်နေတယ်။ ကျေးရွာအတော်တော်များမှာလည်း ဝင်သွားပါတယ်”လို့ ကိုကျော်သက်ဝင်းက ပြောပါတယ်။

တမူးမြို့နယ်မှာအိန္ဒိယစစ်တပ်ဝင်ရောက်လာတာနဲ့ ပတ်သက်ပြီး တမူးမြို့မရဲစခန်းကို ဆက်သွယ်ပေမဲ့ဘာမှမသိရကြောင်း ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။
တမူးမြို့နယ်ဒေသခံတွေကတော့ အခုလိုအိန္ဒိယစစ်တပ်ရဲ့ဝင်ရောက်လာမှုအပေါ်မှာ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)