မောင်တောမှာ အစ္စလာမ်ဘာသာဝင် ရာအိမ်မှူးတစ်ဦး သတ်ဖြတ်ခံရ

0
287

မောင်တောမြို့နယ်၊ ဂေါ်ဒူသာရကျေးရွာအုပ်စု အနောက်ရွာရဲ့ ရာအိမ်မှူးတစ်ဦးဖြစ်သူ ဂျာမာလ်ဟာ နိုဝင်ဘာ ၁၆ ရက်နေ့ သတ်ဖြတ်ခံခဲ့ရပါတယ်။

15036505_640042559502187_2708901654050203695_n

ဂျာမာလ်ဟာ ဂေါ်ဒူသာကျေးရွာအုပ်စု တောင်ရွာနေ ဟာဘီအုလ္လာရဲ့ဖိတ်ကြားချက်အရ ဟာဘီအုလ္လာရဲ့အိမ်မှာ ညနေ စာထမင်းစားပြီး အိမ်အပြန်လမ်းမှာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

လည်ပင်း ဓါးလှီးဒဏ်ရာ၊ ဦးခေါင်းဓါးခုတ်ဒဏ်ရာ၊ ရင်အုံ ဓါးထိုးဒဏ်ရာ တွေနဲ့သေဆုံးနေတဲ့ ဂျာမာလ်ကို ကျေးရွာနှစ်ခုအကြား မိသားစုဝင်တွေက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ လူသတ်မှုကျူးလွန်သူလို့ ယူဆရတဲ့ ဟာဘီအုလ္လာကို စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)