သတင်းထောက်တွေရဲ့ ခံစားချက်ကို နားလည်ပြီလို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ပြောကြား

0
301

လိုချင်တဲ့သတင်းအချက်အလက် မရတဲ့အခါ သတင်းထောက်တစ်ယောက်ရဲ့ စိတ်ထဲမှာ ဘယ်လိုခံစားရတယ်ဆိုတာကို ကိုယ်တိုင်ကြုံတွေ့မှ နားလည်တတ်ပြီလို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးလည်းဖြစ်သလို ပြန်ကြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ပြောဆိုလိုက်ပါတယ်။

739914_336128856500723_1401276706_o-1

ပြုစုနေတဲ့စာတမ်းအတွက် အချက်အလက်တွေ လိုက်စုတဲ့အခါ မဖြေရဲတဲ့သူ၊ မဖြေချင်တဲ့သူတွေနဲ့ တွေ့မှ သတင်းထောက်တွေ ဘယ်လိုခံစားရမယ်ဆိုတာ နားလည်တော့တယ်လို့ သူရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားဝန်ခံခဲ့တာဖြစ်ပါတယ်။

အဲဒီအကြောင်းအရာကို နိုဝင်ဘာလ ၁၈ ရက်နေ့ ဒီကနေ့မှာ ရေးသားခဲ့တာဖြစ်ပြီး စာတမ်းရေးတာဖြစ်တဲ့အတွက် ဒီတစ်နေရာက မရရင် နောက်တစ်နေရာမှာ အချက် အလက်ရှာနိုင်ဖို့အတွက် အချိန်အများကြီးရပေမယ့် သတင်းထောက်အတွက်တော့ အချိန်မီသတင်းတင်နိုင်ဖို့အတွက် မေးမြန်းရတာဖြစ်တဲ့အတွက် ပိုဆိုးတယ်လို့ ဦးရဲထွဋ်က ရေးသားပြောဆိုခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)