ရပ်ကျေးဥပဒေပြဌာန်းပြီးရင် စာပေဟောပြောပွဲနဲ့ တရားပွဲတွေအတွက် ခွင့်ပြုမိန့် မလိုအပ်တော့

0
369

ရပ်ကျေးဥပဒေမူကြမ်းကို အတည်ပြုပြဌာန်းပြီးရင် စာပေဟောပြောပွဲ၊ တရားပွဲတွေအတွက် အဆင့်ဆင့် ထောက်ခံချက်ရယူပြီး တင်ပြဖို့ မလိုအပ်တော့ဘူးလို့ ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောဆိုလိုက်ပါတယ်။

15032829_1217768378297976_210033765679148455_n

နိုဝင်ဘာလ ၁၈ ရက်နေ့ ဒီကနေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဗိုလ်ချုပ်အောင်စိုးက အဲဒီလိုပြောဆိုလိုက်တာပါ။ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ပုဒ်မ ၁၃(စ)မှာ အများပြည်သူသို့ ဖျော်ဖြေသည့်ပွဲများ၊ ပြပွဲများ၊ ရိုးရာဓလေ့အရ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာမြို့နယ်အုပ်ချူပ်ရေးမှူးထံ အသိပေးတင်ပြပြီး တာဝန်ယူတာဝန်ခံ၍ ကျင်းပစေခြင်း လို့ဖော်ပြထားတာကြောင့် အဲဒီဥပဒေကို အတည်ပြပြဌာန်းပြီးရင် အရင်လို အဆင့်ဆင့်ထောက်ခံချက် ရယူပြီး တင်ပြဖို့ မလိုတော့ဘူးလို့ ဒုတိယ၀န်ကြီးက ပြောဆိုခဲ့တာပါ။

လက်ရှိအချိန်မှာ ပွဲတော်များကျင်းပဖို့အတွက် ရပ်ကွက်၊ မြို့နယ်နဲ့ ခရိုင်အဆင့်အထိ အဆင့်ဆင့်ထောက်ခံချက်များနဲ့ တင်ပြခွင့်ပြုချက် တောင်းခံနေရတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)