တရားဥပဒေ စိုးမိုးမှုရှိမှ ဒီမိုကရေစီ အခွင့်အရေးတွေ ရမယ်လို့ သူရဦးရွှေမန်းပြော

0
323

တရားဥပဒေစိုးမိုးမှု ရှိရင်ရှိသလောက် နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ရရှိမှာဖြစ်တယ်လို့ သူရဦးရွှေမန်းက ပြောဆိုလိုက်ပါတယ်။

15073337_1790364747887112_2563361895448641674_n

နိုဝင်ဘာလ ၁၈ ရက် ဒီကနေ့မှာ ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမမှာ ဖွင့်လှစ်ထားတဲ့ တရားဥပဒေစိုးမိုးရေးစင်တာနဲ့ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးတွေကို သွားရောက်ကြည့်ရှုလေ့လာစဉ် အဲဒီလိုပြောကြားလိုက်တာပါ။ ဒီလိုအခွင့်အရေးတွေ ရရှိမှာဖြစ်လို့ တရားဥပဒေစိုးမိုးမှု ရရှိရေးကို ၀န်းဝိုင်းပါဝင်ဆောင်ရွက်ကြဖို့ အရေးကြီးနေတာပါ။

တရားဥပဒေစိုးမိုးမှုရရှိရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ ဟန်ချက် ညီစွာ ဆောင်ရွက်ကြရမှာဖြစ်ပြီး ပြည်သူတွေကလည်း စိတ်ပါဝင်စားစွာ ပါဝင်ပူးပေါင်းဖို့ လိုအပ်နေတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)