ခေတ်ပြိုင်သမိုင်းဆိုင်ရာစာပေ စာတမ်းဖတ်ပွဲ စာတမ်းရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဒေါက်တာရန်မျိုးသိမ်း ဝေဖန်

0
350

ပြန်ကြားရေးဝန်ကြီးဌာနက ပြုလုပ်မယ့် ခေတ်ပြိုင်သမိုင်းဆိုင်ရာစာပေ စာတမ်းဖတ်ပွဲ အတွက် စာတမ်းရှင်တွေကို ဘယ်လိုရွေးချယ်သလဲဆိုတာ စာတမ်းဖတ်ပွဲဖြစ်မြောက်ရေးကော်မတီက တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစွာနဲ့ အမြန်ဆုံး ထုတ်ပြန်ဖို့လိုတယ်လို့ စာတမ်းပယ်ချခံရသူတစ်ဦးဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းက နိုဝင်ဘာ ၁၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

dr-yanmyothein

ခေတ်ပြိုင်သမိုင်းဆိုင်ရာစာပေစာတမ်းဖတ်ပွဲမှာ ဖတ်ကြားဖို့ စာတမ်းတောင်းခံထားရတဲ့ ဒေါက်တာရန်မျိုးသိမ်းက သူ့ရဲ့”၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်း” စာတမ်းကို ဆိုင်းငံ့၊ ပယ်ချမှုနဲ့ ပတ်သက်ပြီး ခုလို ပြောကြားလိုက်တာပါ။

“ကျွန်တော့်ကို စာတမ်းတောင်းတဲ့အခါမှာ ကော်မတီက ရွေးချယ်မှဖတ်ရမယ်လို့ နားမလည်ခဲ့ပါဘူး။ အဲဒီလိုသာ ကော်မတီက ရွေးမှဖတ်ရမယ်ဆို
ရင် ကျွန်တော်လည်း စာတမ်းတင်ဖြစ်မယ် မထင်ပါဘူး”လို့ ဒေါက်တာရန်မျိုးသိမ်းက လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။ ဒါ့အပြင် ဘယ်သူက စာတမ်းတောင်းတောင်း ကော်မတီကို ကိုယ်စားပြုတာမို့ ကော်မတီအနေနဲ့ တာဝန်ယူဖြေရှင်းပေးရမယ်လို့ ပြောဆိုထားပါတယ်။

“ကျွန်တော်နားလည်တာက ဒီမိုကရေစီအပြောင်း အလဲနဲ့လိုက်လျောညီထွေပိုအားကောင်းတဲ့ စာတမ်းဖတ်ပွဲဖြစ်ချင်လို့ ကျနော်အပါအ၀င် ဆောင်းပါးရှင်တွေ၊ လေ့လာသူတွေ၊ပညာရှင်တွေကို ဖိတ်ခေါ်ခဲ့တာလို့ထင်ခဲ့တာပါ။ အဲဒီတုန်းက၀မ်းတောင်သာခဲ့ပါတယ်။ တကယ်ပြောင်းလဲလာနေပြီလို့ထင်ခဲ့မိလို့ပါ။ အခုတော့ သဲထဲရေသွန်ဖြစ်ခဲ့ရပါပြီ”လို့ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပမယ့် ခေတ်ပြိုင်သမိုင်းဆိုင်ရာစာပေစာတမ်းဖတ်ပွဲမှာ ဒေါက်တာရန်မျိုးသိမ်းနည်းတူ စာရေးဆရာ နောင်ကျော်နဲ့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးသိန်းသန်းဦးတို့လည်း တောင်းစာမူတွေ ဆိုင်းငံ့၊ ပယ်ချခံခဲ့ရပါတယ်။ ခေတ်ပြိုင် သမိုင်းဆိုင်ရာစာပေစာတမ်းဖတ်ပွဲနှင့် ဆောင်းရာသီစာအုပ်ဈေးရောင်းပွဲတော်ကို လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ ရန်ကုန်မြို့၊ သိမ်ဖြူလမ်းက ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမမှာကျင်းပမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)